သြဂုတ် ၂
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် ချင်း ပြည်နယ်၊ တီးတိန်မြို့၊ ပြည်သူ့ဆေးရုံတွင် အမည်မသိလက်နက်ကိုင်အဖွဲ့ရောက်ရှိလာပြီး(စိစစ်ဆဲ) ပြည်သူ့ဆေးရုံးဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ယာ
များတွင် နေထိုင်လျက်ရှိသော ဆေးရုံအုပ်ဦးဝင်းဖြိုးအောင် မှ ထိန်းသိမ်းထားရှိ သည့် ဆေးရုံပိုင် Hilux မော်တော်ယာဥ်ကို လက်နက်အားကိုးဖြင့် သိမ်းဆည်းယူဆောင် သွားကြောင်း သိရပါသည်။
တီးတိန်မြို့နယ်အတွင်း၌ Zoland PDF ၊ CDF Siyin ၊ ZRA ၊ CDF Hualngoram ၊Eagle Mountain စသည့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ၅ ဖွဲ့ရှိရာ မည်သည့်အဖွဲ့က သိမ်းယူသွားသည်ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
#PAN