ရေစကြိုမြို့နယ်အတွင်းရှိ ပြည်သူ့စစ်စခန်းတစ်ခုကို အကြမ်းဖက်သောင်းကျန်းသူ PDF များက မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးပစ်ချတိုက်ခိုက်

သြဂုတ် ၂

        ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် မကွေး တိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာ ပြည်သူ့စစ်စခန်းအား အရှေ့သဲပုံကျေး ရွာအနီး တစ်မိုင်ခွဲခန့်အကွာမှ အကြမ်းဖက်သောင်းကျန်းသူ PDF များက မောင်းသူမဲ့လေယာဥ်ငယ် ၂ စီးဖြင့် ဗုံးသီး ၃ လုံး ပစ်ချခဲ့ရာ စခန်းအပြင်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရပါသည်။

         ထိုသို့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် လူ၊ အဆောက်အဦ ထိခိုက်ပျက်စီး၊ သေဆုံးမှုမရှိကြောင်း သိရပါသည်။ ယခုရက်ပိုင်းအတွင်း ရေစကြိုမြို့နယ်အတွင်းရှိ ပြည်သူ့စစ်ကျေးရွာများကို အကြမ်းဖက်သောင်းကျန်းသူ PDF များက Drone များ အသုံးပြု၍ ဗုံးချတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသဖြင့် ဒေသခံပြည်သူများ စိုးရိမ်နေကြကြောင်း သတင်းရရှိပါသည်။

#PAN