မုဒုံမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် မူလွန်စာသင်ကျောင်း စာသင်ဆောင်နှင့် လူနေအိမ် ၁၀ လုံး ပျက်စီးဆုံးရှုံးခဲ့

သြဂုတ် ၂

   ယနေ့  နံနက် ၄ နာရီအချိန်ခန့်တွင် မွန်ပြည် နယ်၊ မုဒုံမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်ခဲ့ရာ တောင်ပကျေးရွာ၊ ရပ်ကွက်(၅)၊(မူလွန်) အရှေ့စာသင် ကျောင်းအတွင်း အလျား ၃၀ ပေ၊ အနံ ၃၀ ပေခန့်ရှိ G 1 ၊ 2 နှင့် 3 စာသင်ခန်းရှိ ၇ ပေအရှည်ရှိ သွပ်ပြားစုစုပေါင်း ၂၀ ချပ်၊ မျက်နှာကျက်တန်း(သံ) စုစုပေါင်း ၇ ချောင်း၊ မျက်နှာကျက်များ ပြိုကျပျက်စီးခဲ့သဖြင့် စုစုပေါင်း ဆုံးရှုံးမှုတန်းဖိုး သိန်း ၅၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် မူလွန်ကျောင်းမှ ကျောင်းသား ၁၂၀ ဦး၊ ကျောင်းသူ ၁၃၂ ဦး၊ စုစုပေါင်း ၂၅၂ ဦးအား တောင်ပကျေးရွာ၊ ရပ်ကွက် (၈)ရှိ ကျောင်းသစ်ဘုန်းကြီး ကျောင်းသို့ ပြောင်းရွှေ့ စာသင်ကြားလျှက်ရှိကြောင်း သိရသည်။

       အလားတူ တောင်ပကျေးရွာ၊ ရပ်ကွက် (၁၁)တွင်  လူနေအိမ် ၁၀ လုံး၏ အမိုးလန်ပျက်ကျသွားသဖြင့် စုစုပေါင်း ကျပ်သိန်း ၉၀ ခန့် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း၊ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် တောင်ပကျေးရွာတွင် စုစုပေါင်း ပျက် စီးဆုံးရှုံးမှု တန်ဘိုး ကျပ် သိန်း ၁၄၀ ရှိကြောင်း သတင်းရရှိသည်။

#PAN

သြဂုတ် ၂    ယနေ့  နံနက် ၄ နာရီအချိန်ခန့်တွင် မွန်ပြည် နယ်၊ မုဒုံမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်ခဲ့ရာ တောင်ပကျေးရွာ၊ ရပ်ကွက်(၅)၊(မူလွန်) အရှေ့စာသင်ကျောင်းအတွင်း အလျား ၃၀ ပေ၊ အနံ ၃၀ ပေခန့်ရှိ G 1 ၊ 2 နှင့် 3 စာသင်ခန်းရှိ ၇ ပေအရှည်ရှိ သွပ်ပြားစုစုပေါင်း ၂၀ ချပ်၊ မျက်နှာကျက်တန်း(သံ) စုစုပေါင်း ၇ ချောင်း၊ မျက်နှာကျက်များ ပြိုကျပျက်စီးခဲ့သဖြင့် စုစုပေါင်း ဆုံးရှုံးမှုတန်းဖိုး သိန်း ၅၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် မူလွန်ကျောင်းမှ ကျောင်းသား ၁၂၀ ဦး၊ ကျောင်းသူ ၁၃၂ ဦး၊ စုစုပေါင်း ၂၅၂ ဦးအား တောင်ပကျေးရွာ၊ ရပ်ကွက် (၈)ရှိ ကျောင်းသစ်ဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့ စာသင်ကြားလျှက်ရှိကြောင်း သိရသည်။        အလားတူ တောင်ပကျေးရွာ၊ ရပ်ကွက် (၁၁)တွင်  လူနေအိမ် ၁၀ လုံး၏ အမိုးလန်ပျက်ကျသွားသဖြင့် စုစုပေါင်း ကျပ်သိန်း ၉၀ ခန့် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း၊ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် တောင်ပကျေးရွာတွင် စုစုပေါင်း ပျက် စီးဆုံးရှုံးမှု တန်ဘိုး ကျပ် သိန်း ၁၄၀ ရှိကြောင်း သတင်းရရှိပါသည်။