ဘုတ်ပြင်းမြို့နယ်၊ အတွင်းဘုတ်ပြင်းကျေးရွာ အုပ်စုတွင် လူသတ်အကြမ်းဖက် PDF ၂ ဦးက အပြစ်မဲ့ပြည်သူ မိသားစုဝင် ၃ ဦးကို သေနတ်ဖြင့်ပစ်ခတ်၊ ၂ ဦးသေဆုံး၊ ၁ ဦး(မစိုးရိမ်ရ)ဒဏ်ရာရ

သြဂုတ် ၂

ယမန့်နေ့ ည ၉ နာရီခွဲအချိန်ခန့်တွင် တနင်္သာ ရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု၊ ထောင်မွန်ကျေးရွာမှ ၃ မိုင်ခန့်အကွာ ဥယျာဉ်ခြံတွင်နေထိုင်သည့် ဦးခင်မောင်လွင်၊ ၆၈ နှစ်၊ (ဘ)ဦးသာဌေး ၊ ရှမ်း/ဗုဒ္ဓ၊ ဥယျာဉ်ခြံလုပ်၊ ဇနီးဖြစ်သူ ဒေါ်မြင့်ခိုင်၊ ၅၈ နှစ် ၊(ဘ) အမည်စိစစ်ဆဲ၊ ရှမ်း/ဗုဒ္ဓ၊ နှင့် သားဖြစ်သူ မောင်ကျော်ကျော်လွင်၊ ၂၄ နှစ် တို့ပါ မိသားစု ဝင် ၆ ဦးသည် နေအိမ်၌ ရှိနေစဉ် အမည်မသိ လူသတ်အကြမ်းဖက် PDF ၂ ဦး (အသက် ၄၀ နှစ်ခန့်စီရှိ )တို့သည် ပစ္စတို သေနတ် ၁ လက် (အမျိုးအစားစိစစ်ဆဲ) နှင့် လက်လုပ်ယမ်းထောင်းသေနတ် ၁ လက် တို့အား ကိုယ်စီကိုင်ဆောင် ၍ ဦးခင်မောင်လွင်နေအိမ်ရှေ့သို့ ရောက် ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးခင်မောင်လွင် တွင် ရင်ညွန့် ကျည် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဒေါ်မြင့်ခိုင်တွင် ယာဘက်နိ့အုံ အပေါ်ဘက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ မောင် ကျော်ကျော်လွင် တွင် ယာဘက်ခါးစောင်း ကျည်ထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့ အသီးသီးရရှိကာ မောင်ကျော်ကျော်လွင် မှာ အခင်းဖြစ်နေရာမှ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ အကြမ်းဖက် PDF ၂ ဦးက အဆို ပါအိမ်သို့ ရောက်ရှိလာရာ ဦးခင်မောင်လွင်၊ ဒေါ်မြင့်ခိုင်နှင့် မောင်ကျော်ကျော်လွင်တို့သည် နေအိမ်ရှေ့မြေ ကွက်လပ်သို့ ထွက်လာကြပြီး အကြမ်း ဖက်များ အိမ်ရှင် ဦးခင်မောင်လွင် အား ခေါ်ယူ၍ အရွန် ၊ အချွဲ နှင့် ကိုယုမောင် အမည်ရှိသူ ၃ ဦးတို့ကို သိရှိသလားဟုမေးမြန်းခဲ့ကြောင်း၊ ဦးခင်မောင်လွင် မှ အရွန် ပါ ၃ ဦးကို မသိရှိကြောင်းပြန်လည်ဖြေကြားခဲ့ပြီး စကားပြောအဆင်မပြေဖြစ်ပေါ်ရာမှ ပစ္စတိုကိုင်ဆောင်သူ အကြမ်းဖက်တစ်ဦးသည် ၎င်းကိုင်ဆောင်သည့် ပစ္စတို သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းနောက် လူသတ်အကြမ်း ဖက် ၂ ဦးလည်း ၎င်းနေရာမှ ပြန်လည်ထွက်ခွါသွားကြကြောင်း၊ ဦးခင်မောင်လွင် နှင့် ဒေါ်မြင့်ခိုင်တို့သည်အခင်းဖြစ်အရပ်၌ပင် ရရှိဒဏ် ရာဖြင့်သေဆုံးခဲ့ကြောင်း၊ သေဆုံးသူ ဦးခင်မောင်လွင် ၊ ဒေါ်မြင့်ခိုင်တို့၏ ရုပ်အလောင်း များနှင့် ဒဏ်ရာရရှိသူ မောင်ကျော်ကျော်လွင် တို့ကို အတွင်းဘုတ်ပြင်းကျေးရွာ အုပ်စု၊ ကရိုင်တိုင်ကျေးရွာ ရာအိမ်မှူ အဖွဲ့က သွား ရောက် သယ်ဆောင်ခဲ့ပြီး ဘုတ်ပြင်းမြို့နယ် ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါသည်။

မောင်ကျော်ကျော်လွင်၏ ပြောပြချက်အရ ၎င်းတို့မိသားစုသည် ခိုက်ရန်ဖြစ် ပွားဘူးခြင်းမရှိကြောင်း၊ လာရောက်လုပ်ကြံသတ်ဖြစ်သူ လူ သတ်အကြမ်းဖက် ၂ ဦးကိုလည်း ယခင်က တွေ့မြင်ဘူးခြင်းမရှိကြောင်း သိရပါသည်။

အဆိုပါ အပြစ်မဲ့ပြည်သူနှစ်ကို အကြောင်းမဲ့ သတ်ဖြတ်သွားသော လူသတ်အကြမ်းဖက် PDF များကို ဖမ်းဆီးရမိရေး နယ်မြေလုံခြုံရေးအဖွဲ့များက ရှင်းလင်းရှာဖွေလျှက်ရှိပြီး သက်ဆိုင်ရာ နယ် မြေရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN