မိုးသီးထန်စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်၊ သံတွဲချောင်းနှင့် ချောင်းများတွင် စိုးရိမ်ရေမှတ်အထက်ရောက်ရှိ၊ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာ တချို့ရေများစတင်ဝင်ရောက်

သြဂုတ် ၁

      ယနေ့ နံနက်ပိုင်းမှစ၍ မိုးသီးထန်စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်၊ သံတွဲချောင်း၊ ပြည့်ချောင်းချောင်း၊ကွေ့ချောင်းချောင်း၊ဇိန်ချောင်း၊ရွှေလှေချောင်းများတွင် ရေများလျှံတက်လျက်ရှိရာ ၊မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ တချို့မြေနိမ့်ပိုင်းများတွင် ရေများစတင်ဝင်ရောက်လျက်ရှိပါ သည်။

        ရေးကြီးမှုနှင့်ပါတ်သက်၍သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များမှ သဘာဝဘေးအရေးပေါ်အစည်းဝေးပြုလုပ်ကာ မြို့ပေါ်ရပ်ကွက် အတွင်းအသံချဲစက်များဖြင့် ညနေ ၄ နာရီခန့်တွင်ပြည်သူများအား ကြိုတင်စီမံမှုများပြုလုပ်ကြရန် သတိပေးနှိုးဆော်မှုများ ပြုလုပ်လျှက်ရှိပါသည်။

       ယနေ့ ညနေ ၆ နာရီခွဲအချိန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သံတွဲမြို့
မိုးရေချိန်မှာ ၇. ၅၉ လက်မနှင့် ချောင်းရေ ၆၈၃ စင်တီမီတာ(၂၂.၈ ပေ) ရှိပြီး စိုးရိမ်ရေမှတ်မှာ ၆၅၀ စင်တီမီတာ ဖြစ်ရာ စိုးရိမ်ရေမှတ် အထက် ၃၃ စင်တီမီတာ( ၁.၁ ပေ) သို့ ရောက်ရှိနေကြောင်း သတင်းရရှိပါသည်။

#PAN