“ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ရွေးကောက်ပွဲ အတွင်း ဖြူထိုင်း ပါတီက မဲလုံလောက်မှုမရှိခဲ့ပါက MFPပါတီကိုဦးဆောင်ခွင့်ပြန်ပေးသင့်ကြောင်း ထိုင်းနိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတတ်ရေး စီမံခန့်ခွဲမှု ပညာရှင် ကပြောကြားခဲ့”

သြဂုတ် ၁

ထိုင်းနိုင်ငံ ဖြူထိုင်းပါတီသည် ယခင်ထိုင်း ဝန်ကြီး ချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို အနားယူခိုင်းပြီး အိမ်သို့ပြန်ပို့မည့်အစား နောက်ထပ် အစိုးရ သစ်ဖွဲ့ရန် လုံလောက်သော လူထု ထောက်ခံမှုများ ရရှိရန် အာရုံစိုက် သင့်တယ်လို့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှုသိပ္ပံ (Nida) မှ ပညာရှင် ပါမောက္ခ တစ်ဥိီးဖြစ်သည့် Phichai Ratanatilaka Na Bhuket က ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့သည့် သောကြာနေ့တွင် ဝန်ကြီးချုပ်သစ်အတွက် အမည်စာရင်းတင်သွင်းရန် မျှော်လင့်ထားသည့် Srettha Thavisin ကို တတ်နိုင်သမျှ ထောက်ခံအားပေးခြင်းသည် Pheu Thai ၏ ဦးစားပေးဖြစ်သင့်သည်ဟု Assoc Prof Phichai က ထပ်လောင်း ပြောကြား ခဲ့ပါသေးတယ်။

သို့သော်လည်း ဖြူထိုင်းပါတီက ကိုယ်စားလှယ် လောင်းသည် လုံလောက်သော မဲမရရှိခဲ့ပါက ၎င်းတို့ ပါတီသည် Move Forward Party (MFP) သို့ ဦးဆောင်ခွင့်များကို ပြန်ပေးသင့် တယ်လို့ ၎င်းက ပြောဆိုခဲ့ကြောင်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။