တနင်္သာရီမြို့သို့ အကြမ်းဖက်သောင်းကျန်းသူ PDF အင်အား ၈၀ ခန့်က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ မြို့လုံခြုံရေးပူးပေါင်းအဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား

သြဂုတ် ၁

      ယနေ့ ညနေ  ၆ နာရီခွဲအချိန်ခန့်တွင် တနင်္သာ ရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့သို့ အကြမ်းဖက်သောင်းကျန်းသူ PDF အင်အား ၈၀ ခန့်က ဝင်ရောက်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တနင်္သာရီမြို့ ဗောဓိကမ်းဖက်မှ အင်အား ၃၀ ခန့်၊ တပ်ဦးဖက်မှ အင်အား ၃၀ ခန့်၊ အောက်ကင်းဓါးသွေးချောင်းဖက်မှ အင်အား ၃၀ ခန့်ဝင်ရောက်လာခြင်း ဖြစ်ကြောင်း၊ မြို့လုံခြုံရေးပူးပေါင်းအဖွဲ့က ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ည ၉ နာရီအချိန်ခန့်တွင် ပစ်ခတ်မှုရပ်သွား​ပြီး အကြမ်းဖက်သောင်းကျန်းသူ PDF များ ဆုတ်ခွာသွားခဲ့ကြောင်း သိရပါသည်။

      အဆိုပါ အကြမ်းဖက်သောင်းကျန်းသူ PDF များသည် ယနေ့ မွန်ူလွဲ ၃ နာရီအချိန်ခန့်ကတည်း က တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအတွင်းသို့ ဝင်ရောက်လာပြီး တပ်မတော်လုံခြုံရေးအဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

      တနင်္သာရီမြို့သို့ လာရောက်တိုက်ခိုက်စဥ် Drone များကို အသုံးပြုပြီး Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း၊ Drop Bomb များ သည် မြိုနယ်ပြည်ခိုင်ဖြိုးပါတီရုံးရှေ့ ရေထဲသို့ တစ်လုံး ၊ချောင်းငယ်ဘုန်းတော်ကြီးကျောင်းရှေ့ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အကြမ်း ဖက် PDF များသည် Drone များကို တပ်ဦးဖက်နှင့် အောက်ကင်းဖက် စသည့် နှစ်နေရာမှ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရပါသည်။

       အဆိုပါ တိုက်ခိုက်မှုများကြောင့် တနင်္သာရီမြို့ လုံခြုံရေးပူးပေါင်းအဖွဲ့နှင့် တပ်မတော်လုံခြုံ ရေးအဖွဲ့များဖက်မှ ထိခိုက်ဒဏ်ရာရသေဆုံးမှုမရှိကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူ PDF များဖက်မှ ဒဏ်ရာရသေဆုံးမှုအခြေအနေ မသိရှိရသေးကြောင်း သတင်းရရှိပါသည်။

#PAN