KNU တပ်မဟာ ၁ နယ်မြေတွင် အခြေပြုနေသော အကြမ်းဖက် PDF များက ငွေကြေးအခက် အခဲကြောင့် လုပ်ငန်းရှင်များ၊ ကုန် သည်များနှင့် ဌာနဆိုင်ရာများဝန်ထမ်းများကို ခြိမ်းခြောက်ငွေညှစ်မှုများ ပြုလုပ်မည်

ဇူလှိုင် ၂၈

         မွန်ပြည်နယ်၊ ကျိုက်ထို​မြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူ KNU တပ်မဟာ (၁)၊ တပ်ရင်း(၁)တွင် အခြေပြုနေထိုင်သည့် အကြမ်းဖက် PDF အဖွဲ့ဝင် အောင်ကျော်သူ၊ ခိုင်ခိုင်လဲ့(လွှတ်တော်ကိုယ်စားလှယ်ဟောင်း)တို့ ဦးဆောင်ပြီး လက်အောက်ခံ PDF ၅၀ နှင့်အတူ ယမန်နေ့က အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိဂပါသည်။

    အစည်းအဝေးတွင် အဓိကဆွေးနွေးသည့်အချက်မှာ စားနပ်ရိက္ခာ၊ ခဲယမ်း အခက်အခဲအတွက် ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်ရှိ လုပ်ငန်းရှင်များ၊ ကုန် သည်များနှင့် ဌာနဆိုင်ရာများဝန်ထမ်းများအား အဓိကပစ်မှတ်ထား၍ ခြိမ်းခြောက်ငွေညှစ်မှုများ ပြုလုပ်တော့မည်ဟု ဆုံးဖြတ်ခဲ့ကြကြောင်း ၎င်းတို့နှင့် နီးစပ်သည့် ဒေသခံများထံမှ သတင်းရရှိပါသည်။

#PAN