အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို ကို ကြွလာ သော သံလျင် သဘာဝတရားရိပ်သာ ဆရာတော် ဦးဥတ္တမသာရ ကို အမေရိကန်ရောက် ဒီမိုကရေစီအမည်ခံ NUG ထောက်ခံသည့် အစွန်းရောက်များက ရိုင်းပြစွာဆန္ဒပြခဲ့ကြ

ဇူလိုင် ၂၈

    အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို ကို ကြွလာ သော သံလျင် သဘာဝတရားရိပ်သာ ဆရာတော် ဦးဥတ္တမသာရ ကို အမေရိကန်ရောက် ဒီမိုကရေစီအမည်ခံ NUG ထောက်ခံသည့် အစွန်းရောက်
လက်တဆုပ်စာလူတစုက ရိုင်းပြစွာဆန္ဒပြခဲ့ကြပါတယ်။

     သဘာဝတရားရိပ်သာဆရာတော်ကြီး သည် ယခင်ကတည်းက NLD ကိုအားပေးခဲ့သည့် ဆရာတော်ဖြစ်ပါတယ်။ ယခင် ဆရာတော်က NLD ထောက်ခံစဥ်က အခြားပါတီဝင်များက ထိုကဲ့သို့ ရိုင်းပြစွာ ပြောဆိုခြင်းမရှိခဲ့ပါ။

     ယခု လက်ရှိအခြေအနေတွင် ဆရာတော်သည် ငြိမ်းချမ်းရေးရရှိရန် တတ်စွမ်းသမျှ ဆောင်ရွက်နေခြင်းသာဖြစ်ပါတယ်။ NLD ပါတီကို မထောက်ခံ၍မဟုတ်၊ NUG နှင့် PDF တို့၏ အကြမ်းဖက်လုပ်ရပ်များကိုသာ မထောက်ခံခြင်းသာဖြစ်ပါတယ်။ ဒါကလည်း ဗုဒ္ဓဘုရား သားတော်တစ်ပါးအနေနဲ့ လူသတ်အကြမ်းဖက်မှုဟာ အဓမ္မ တရားဖြစ်တဲ့အတွက် မထောက်ခံခြင်းသာဖြစ်ပါတယ်။

     ယခုလို ရိုင်းပြစွာ ပြောဆိုနေကြသောသူများမှာ ဗုဒ္ဓဘာသာစစ်စစ်များ မဟုတ်နိုင်ပါ၊ သံဃာကို ဝစီကံနဲ့ ပြစ်မှားကြတဲ့ အကြောင်းကြောင့် ရလာမဲ့အကျိုးကတော့ ငရဲမှလွဲ၍ အခြားမရှိပါကြောင်း ဖော်ပြအပ်ပါသည်။

#PAN