“ထိုင်းနိုင်ငံ၏ အမျိုးသားရဲ ချုပ်အသစ် ခန့်အပ် ရေးဆိုင်ရာကိစ္စရပ်များသည် ထိုင်း ဝန်ကြီးချုပ် အသစ် ခန့်အပ်ပြီးချိန်ထိ စောင့်ဆိုင်းရဖွယ်ရှိနေ”

ဇူလိုင် ၂၈

ထိုင်းနိုင်ငံ အမျိုးသားရဲချုပ်အသစ် ခန့်အပ် နိုင်ရေးအတွက် လာမည့် စက်တင်ဘာ ၃၀ရက်နေ့တွင် အငြိမ်းစားယူ တော့မည့် ထိုင်းနိုင်ငံရဲချုပ် Pol Gen Damrongsak Kittiprapas နေရာတွင် အစားထိုးနိုင်ရန် ထိုင်းအမျိုးသား ရဲချုပ်အသစ် ခန့်အပ်မှုများ တွင် ထိုင်း ဝန်ကြီးချုပ် သစ်ခန့်အပ်ပြီးချိန်ထိ စောင့်ဆိုင်း ရဖွယ်ရှိကြောင်း ရဲချုပ်က ပြီးခဲ့သည့် ဇူလိုင် ၂၇ရက် ကြာသပတေးနေ့က ပြောကြားခဲ့ တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် အရွေးမခံရ သေးသော ၀န်ကြီးချုပ်အသစ်က ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ (RTP) ၏ စည်းမျဉ်းအသစ်အရ သင့်လျော်သော ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်ရမည်ဖြစ်ပြီး ထိုင်းအမျိုးသားရဲဌာနသို့ အမည်စာရင်း တင်သွင်းရန်လည်း တာဝန်ရှိနေတာဖြစ်ပါတယ်။

အဆိုပါ ဥပဒေ စည်းမျဉ်းအရ ဝန်ကြီးချုပ်သည် ၎င်းရာထူးအတွက် အသင့်တော်ဆုံး ကိုယ်စားလှယ်လောင်းကို ရဲကော်မရှင်ထံ အမည်စာရင်း တင်သွင်းရမည်ဖြစ်ကြောင်း Pol Gen Damrongsak က ပြောကြားထား တာလည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံ RTP ဘုတ်အဖွဲ့ကို အမည်စာရင်း တင်သွင်းဖို့ တာဝန်ယူခဲ့တဲ့ လက်ရှိ အမျိုးသား ရဲချုပ်လည်း ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင် ၂၆ရက် ဗုဒ္ဓဟူးနေ့က ကော်မရှင်အစည်းအဝေးကို ဦးဆောင်ခဲ့တဲ့ လက်ရှိ ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာက သူ့ရဲ့ လက်ရှိ ထိုင်း အိမ်စောင့်အစိုးရ၏ စောင့်ကြည့်မှုအောက်မှာ ခန့်အပ်ခြင်း ရှိ၊ မရှိ မှတ်ချက်ပေးဖို့ သတင်းဌာနများ ကမေးမြန်းခဲ့ကြသော်လည်း ပရာယွတ် က ငြင်းဆိုခဲ့ပါတယ် သတင်းဌာနများမှ ဖော်ပြထားကြပါတယ်။

ထို့နောက် ထိုင်းနိုင်ငံ သတင်းရင်းမြစ် တစ်ခု၏အဆိုအရ ရဲချုပ် အသစ် ခန့်အပ်မှုအပြင် အခြားသောရဲဗိုလ်ချုပ်များ ၏နောက်ထပ်ရာထူးတိုးခြင်းနှင့် အပြောင်း အလဲပြုလုပ်ခြင်းများသည် လာမည့် ဩဂုတ်လတွင် အပြီးသတ်ရန် လုပ်ဆောင် ရမှာလည်းဖြစ်တယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။