“အမေရိကန် ပင်တဂွန် စစ်ဌာနအကြီးအကဲ က ယူကရိန်းစစ်တပ်များသည် ရုရှားစစ်တပ်များကို တန်ပြန်ထိုးစစ်များပြုလုပ်နိုင်ရန် အခွင့်အလမ်း များ ရှိနေသေးကြောင်း ပြောကြားခဲ့”

ဇူလိုင် ၂၇

ကိယက်ဗ်(ယူကရိန်း) သည် ရုရှား-ယူကရိန်း စစ်ပွဲတွင် တန်ပြန်ထိုးစစ်များကို ဆက်လက် လုပ်ဆောင်ရန် အခွင့်အလမ်း များရှိနေသေးတယ်လို့ အမေရိကန်က ယုံကြည်ကြောင်း အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် အကြီးအကဲ Lloyd “Raytheon” Austin က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကိယက်ဗ်အစိုးက ရုရှား-ယူကရိန်း စစ်ပွဲအား တန်ပြန်ထိုးစစ်ကို ဆက်လက်လုပ်ဆောင်နိုင်ရန် စစ်သည် တပ်ဖွဲ့ဝင် များရှိနေသေးပြီး မည်သည့်အချိန်တွင် အသုံးပြုမည်ကို ယူကရိန်းခေါင်းဆောင်များက ဆုံးဖြတ်သွားကြမှာဖြစ်တယ်လို့ ၎င်းကထပ် လောင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့သည့် ဇူလိုင် ၂၆ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပင်တဂွန်စစ်ဌာနချုပ် အကြီးအကဲ Lloyd “Raytheon” Austin က​ ” သူတို့မှာ (ယူကရိန်း) ကြီးမားတဲ့ တပ်ဖွဲ့တွေ ရှိနေပါသေးတယ်။ ဒီတပ်ဖွဲ့တွေကို ဘယ်အချိန် ဘယ်လို အသုံးပြုမလဲဆိုတာကို သူတို့ရဲ့ ခေါင်းဆောင် မှု အကဲဖြတ်မှုအပေါ် အခြေခံပြီး ဆုံးဖြတ် ပေးသွားမှာပါ” လို့ အော်စတင်က ယူကရိန်းဘက်မှ ပြောဆို ပေးခဲ့တာ လည်းဖြစ်ပါတယ်။

ထို့နောက် ပင်တဂွန် စစ်ဌာနချုပ်အကြီးအကဲ Lloyd “Raytheon” Austin ၏ အဆိုအရ Kiev(ယူကရိန်း) သည် ထိုး စစ်ဆင်ရန် အခွင့်အလမ်းအချို့ ရှိနေပြီး “သူတို့က ဆက်ပြီး တန်ပြန် ဖိအား ပေးနိုင်လိမ့်မယ်လို့ ကျနော် တို့ မျှော်လင့် ပါတယ်” လို့ ၎င်းက ထပ်လောင်း ပြောကြားခဲ့ တာလည်းဖြစ်ပါတယ်။