စမ်းချောင်းမြို့နယ်၊ ပြည်လမ်းမပေါ်တွင် ဝိုင်ဘီအက်စ် ၂၁ ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွား

ဇူလိုင် ၂၇

      ယနေ့ နံနက် ၉ နာရီ ၅၅ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပြည်လမ်းမပေါ်တွင် ဝိုင်ဘီအက်စ် ၂၁ ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကျောက်တံတားမြို့နယ်မီးသတ်စခန်းနှင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

           အဆိုပါ ဝိုင်ဘီအက်စ် ၂၁ ယာဉ်သည် မြေနီကုန်းခုံးကျော်တံတားအဆင်းက မဟာမြိုင်မှတ်တိုင်အနီးတွင်  မီးလောင်နေခြင်းဖြစ် ကြောင်း၊ မီးသတ်ယာဥ်များရောက်ရှိငြိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီတွင် မီးငြိမ်းသွားကြောင်း၊ လူထိခိုက်မှုနှင့် ဆုံးရှုံးမှုတန်ဘိုးအခြေအနေကိုတော့ မသိရသေးကြောင်း သတင်းရရှိပါသည်။

#PAN