“တောင်ကိုရီးယားနိုင်ငံ၏ ပူတွဲစစ်ဦးစီးချုပ်က မြောက်ကိုရီးယားနိုင်ငံသည် ဂျပန်ပင်လယ် အတွင်း ခရုဇ်ဒုံးကျည် အမျိုးအစား အများအပြား ပစ်လွှတ်ခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့ပြီး အဆိုပါ ပစ်လွှတ်လိုက်သည့် ဒုံးကျည်များကို ခွဲခြမ်းစိတ် ဖြာမှုများလည်း ပြုလုပ်နေကြောင်း ထုတ်ပြန်ကြေညာခဲ့”

ဇူလိုင် ၂၂

မြောက်ကိုရီးယားနိုင်ငံ ကဂျပန်ပင်လယ် ပြင်အတွင်းသို့ ခရုဇ်ဒုံးကျည် အမျိုအစား အများအပြား ပစ်လွှတ်ခဲ့ကြောင်း ယနေ့ ဇူလိုင် ၂၂ရက်နေ့ စနေနေ့မနက် အစောပိုင်းက တောင်ကိုရီးယား နိုင်ငံ၏ ပူးတွဲ စစ်ဦးစီးချုပ်က အတည်ပြုထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ပစ်လွှတ်လိုက်သည့် ဒုံးကျည်အမျိုးအစားနှင့် အခြားအသေး စိတ်အချက်အလက်များကို ဆုံးဖြတ်နိုင် ရန်အတွက် ဒေသစံတော်ချိန် နံနက် ၄ နာရီ (သောကြာနေ့) နံနက် ၄ နာရီ (၁၉:၀၀) ဝန်းကျင်တွင် တောင်ကိုရီးယားနှင့် အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများက ဒုံးကျည်ကို အမျိုးအစားများကို ခွဲခြမ်းစိတ်ဖြာမှုများပြုလုပ် နေကြောင်းလည်း အစီရင်ခံကြေညာစာများတွင် ဖော်ပြ ထားတာလည်းဖြစ်ပါတယ်။

ပြုံယမ်း(မြောက်ကိုရီးယား)နိုင်ငံ သည် တာတိုပစ် ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ဂျပန် ပင်လယ်ဘက်သို့ ပစ်လွှတ်ခဲ့ပြီး ၃ရက် အကြာ တွင် နောက်ဆုံး ပစ်လွှတ်မှုများပြုလုပ်ခဲ့တာ လည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့သည့် ဇူလိုင် ၁၂ရက်နေ့က ၎င်းတို့၏ Hwasong-18 ဒုံးကျည်အမျိုးအစား သစ်ကို ပစ်လွှတ်မှုများကို ပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ချင်းပစ် ဒုံးကျည်အမျိုးအစားသစ်သည် အကွားအဝေး ကီလိုမီတာ ၁၀၀၀ ကျော်(၆၂၁မိုင်အထိ ) ကျော်အထိ ပျံသန်းခဲ့တယ်လို့ သတင်းဌာန များကဖော်ပြပြောဆိုထားကြပါတယ်။

မြောက်ကိုရီးယားက ၎င်းတို့ဒေသတွင်း အမေရိကန်နိုင်ငံ ရဲ့ နျူကလီးယားလက်နက်များ ကို ဖြန့်ကျက်ချထားခြင်းဟာ ​၎င်းတို့ပိုင် ဆိုင်ထားသည့် နျူလက်နက်များကို သုံးဖို့ လုံလောက်တဲ့အကြောင်းပြချက် ဖြစ်လာ နိုင်တယ်လို့ မြောက်ကိုရီးယားက ဆိုးလ် (တောင်ကိုရီးယား)ကို ခြိမ်းခြောက် ပြောဆို ထားတာ လည်းဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။