တိုင်းပြည်ရဲ့ပညာရေးကို ရိုက်ချိုးဖျက်ဆီးခြင်းဟာ မှန်ကန်တဲ့လုပ်ရပ်လား NUG?

   နိုင်ငံတစ်နိုင်ငံ ဖွံဖြိုးတိုးတက်ဖို့ဆိုရင် အခြေခံအကျဆုံးက ပညာရေးကို ပထမဦးစားပေး တည် ဆောက်ရသလို၊ နိုင်ငံငံတစ်နိုင်ငံကို ဆင်းရဲမွဲတေပြီး နိမ့်ကျတဲနိုင်ငံ တစ်နိုင်ငံဖြစ်ဖို့ဆိုရင် ပညာရေးစနစ်ကို ဖျက်ဆီးလိုက်ရုံပါဘဲ…

     ဒုတိယကမ္ဘာစစ်မှာ ဂျပန်နိုင်ငံဟာ စစ်ရှုံးတော့ ၁၉၄၅ ခုနှစ်မှာ လက်နက်ချလိုက်ရတယ်။ ကမ္ဘာပေါ်မှာ နှူကလီးယားဗုံးဒဏ် ခံရတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံဖြစ်ပါတယ်။ အမေရိကန်က ဂျပန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့ အလိုကျ ရေးဆွဲပြီးနောက်ပိုင်း ၁၉၄၇ ခုနှစ်မှာ လွတ်လပ် ရေးပေးခဲ့ပါတယ်။ လွတ်လပ်ရေးရတော့ ဂျပန်ဟာ ပြာပုံဘဲကျန်တော့တယ်၊ ဘာကျန်သလဲလို့မေးရင် ဆရာနဲ့ ကျောင်းသားတွေကျန်ခဲ့တယ်။ ဂျပန်ဟာ စစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်တော့ ငွေကြေးသုံးစွဲမှုမှာ ကျန်တဲ့အစိုးရဌာနတွေ နောက်ဆုတ်ပေးရတယ်။ ပညာရေးကို ပထမဦးစားပေး ရင်းနှီးမြုပ်နှံခဲ့တာကြောင့် ၁၉၅၀ ခုနှစ်ကျော်ကာလမှာဘဲ ကမ္ဘာ့စံချိန်မှီတဲ့ နိုင်ငံတစ်ခု ဖြစ်လာခဲ့တယ်၊ ဒါဟာ နိုင်ငံတစ်နိုင်ငံအတွက် ပညာရေးရဲ့ အရေးပါမှုပါ။ ပညာရေးဟာ နိုင်ငံတစ်ခု ဖွံဖြိုးတိုးတက်မှုအတွက် အကောင်းဆုံး ရင်နှီးမြုပ်နှံမှုပါ။

        ထိုနည်းတူစွာ နိုင်ငံတစ်နိုင်ငံကို ဆင်းရဲမွဲတေပြီး ဖွံဖြိုးတိုးတက်မှု နိမ့်ကျသွားစေလို့ရှိရင် စီးပွားရေးပိတ်ဆို့စရာ၊ စစ်တိုက်စရာမလိုပါဘူး၊ အဲဒီနိုင်ငံရဲ့ ပညာရေးကို ရိုက်ချိုးဖျက်ဆီးလိုက်ရင် ရည်ရွယ်ချက်ကို ထမြောက်အောင်မြင်ပါလိမ့်မယ်။

       လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးပဋိပက္ခဟာ NLD က ပြည်ပြေးအကြမ်းဖက်အဖွဲ့က PDF အမည်ခံ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ မွေးမြူပြီး တိုင်းရင်းသာလက်နက်ကိုင်တွေနဲ့ ပေါင်းပြီး လက်နက်ကိုင်အကြမ်းဖက်လမ်းစဥ်ကို ရွေးချယ်လိုက်ကတည်းက စစ်ရေးပဋိပက္ခ အဖြစ်ပြောင်းလဲနိုင်အောင် ကြိုးစားလာပါတယ်။

        တစ်ချိန်တည်းမှာဘဲ လက်ရှိ နစက အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းသွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူးတွေကို သတ်ဖြတ်တာ၊ အစိုးရဝန်ထမ်းတွေကို CDM လုပ်ဖို့ ဖိအားပေးခြိမ်းခြောက်၊ဖမ်းဆီးသတ်ဖြတ်တာတွေကို လုပ်လာကြပါတယ်။ ဒီအထဲမှာ အဆိုးဆုံးကတော့ အေးချမ်းစွာ ပညာ သင်ကြားနေတဲ့ ကျောင်းသူ၊ကျောင်းသားကလေးငယ်တွေ ပညာမသင်ကြားနိုင်အောင် စာသင် ကျောင်းတွေကို မီးရှို့ဖျက်ဆီးတာ၊ စာသင်နေတဲ့ ဆရာ၊ဆရာမတွေကို ဖိအားပေးခြိမ်းခြောက်၊ဖမ်းဆီးသတ်ဖြတ်တာတွေကို လုပ်လာကြသလို၊ ကျောင်းသား/သူ မိဘတွေကို ကလေးများကို ကျောင်းမတက်စေဘဲ ပြန်ခေါ်ဖို့ ခြိမ်းခြောက် အကြပ်ကိုင်လာကြပါတယ်။

      ဥပမာပြရရင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မြောက်ခြမ်းရှိ ကို့တောင်ဘို့တိုက်နယ်၊ချပ်သင်းတိုက်နယ်၊ပင့်သာတိုက်များကကျေးရွာပေါင်း ၅၀ ကျော်တို့မှာရှိတဲ့ ကျောင်း သား/သူ များဟာ ကျေးရွာတွင်စာသင်ကျောင်းတွေ မဖွင့်တဲ့အတွက် ကန့်ဘလူမြို့ပေါ် က အထက်တန်းကျောင်း​နဲ့ ကိုယ်ပိုင်ကျောင်းတွေမှာ
သွားရောက်ပညာသင်ကြားကြရပါတယ်။ အဲဒီလို ပညာသင်ကြားနေသောကျောင်းသား/သူတွေကို ၅ရက်အတွင်းပြန်လည်ခေါ်ယူဖို့ မခေါ်ပါက သူတို့နေထိုင်တဲ့ နေအိမ်တွေကို မီးရိူ့ဖျက်ဆီးပစ်မယ်လို့ ဒေသတွင်း လူသတ်အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်တဲ့အတွက် ကျောင်းသားမိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို ပြန်လည်ခေါ်ယူခဲ့ရပါတယ်။

        နောက်ထပ် ဥပမာတစ်ခုက မွန်​ပြည်​နယ်​၊ ကျိုက်​ထိုခရိုင်​၊ ကျိုက်ထိုမြို့နယ် နဲ့ ဘီးလင်းမြို့နယ်​ အတွင်း KNU တပ်​မဟာ(၁)နှင့်​ PDF အကြမ်း ဖက်​သောင်းကျန်းသူများက ဖွင့်လှစ်ပြီးစာသင်ကြားနေတဲ့ အစိုးရစာသင်​ကျောင်းတွေကို ဖွင့်လှစ်ခြင်းမပြုဖို့၊ ရက်အကန့်အသတ်မရှိ ပိတ်ထားဖို့ ခြိမ်း​ခြောက်ပြောဆိုခြင်း၊ စာသင်ကျောင်းမှာ ထုတ်ပြန်ချက်စာတွေကို ကပ်ပြီး ခြိမ်းခြောက်အကြပ်ကိုင်ခဲ့ကြတာကြောင့် ကျိုက်ထိုမြို့နယ်အတွင်းက စာသင် ကျောင်း ၅ ကျောင်း၊ ဘီလင်းမြို့နယ်အတွင်းက စာသင်ကျောင်း ၂၈ ကျောင်း ကို ယခုလ အတွင်းမှာ ပိတ်ထားလိုက်ရပါတယ်။အဲဒီလို ကျောင်းတွေပိတ်လိုက်ရတဲ့အတွက် ကျိုက်ထိုမြို့နယ်အတွင်းက စာသင် ကျောင်း ၅ ကျောင်းက ကျောင်း သား/သူ ၄၇၀ ဦး၊ဘီလင်းမြို့နယ်အတွင်းက စာသင်ကျောင်း ၂၈ ကျောင်းက ကျောင်းသား/သူ ၃၃၃၂ ဦးတိုဟာ ပညာသင်ကြားခွင်ဆုံးရှုံးပြီး ပညာမဲ့လူတန်းစာတွေဖြစ်ပေါ်အောင် လုပ်ဆောင်ခဲ့ကြပါတယ်။

      ပြည်ပြေးအကြမ်းဖက် NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူတို့ရဲ့ နောက်ထပ် ယုတ်မာတဲ့ လုပ်ရပ်တစ်ခုက စာသင်ကျောင်းတွေပေါ်ကို အကြမ်းဖက် PDF တို့က Drone တွေကို အသုံးပြုပြီး Drop Bomb တွေပစ်ချတာဘဲဖြစ်ပါတယ်။ လောလောလတ် လတ် နမူနာတစ်ခုကို ပြရအုံးမယ်ဆိုရင် ဇူလိုင်လ ၅ ရက်နေ့ ညနေ ၄ နာရီလောက်က မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်မှာရှိတဲ့ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းကို PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အရှေ့မြောက်ဘက် တစ်မိုင်ခန့်အကွာ၊ အင်းရောင်းကျေးရွာဘက်မှ နေ၍ Drone ယာဉ် နှစ်စီး အသုံးပြုပြီး Drop Bomb များနဲ့ ဆင်ခြင်တုံ တရားမဲ့စွာ ပစ်ချတိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းဝင်းအတွင်းရှိ နှစ်ထပ်ကျောင်းဆောင်အနီးကို Drop Bomb လေးလုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ကံကောင်းထောက်မစွာဘဲ လူထိခိုက်မှုမရှိဘဲ ပေါက်ကွဲမှုကြောင့် အဲဒီကျောင်းဆောင်ရဲ့ပြတင်းပေါက်မှန် နှစ်ချပ် ဗုံးစ ထိမှန်ပျက်စီးခဲ့ရုံမျှသာဖြစ်ခဲ့ပါတယ်။ ဒါဟာ PDF အကြမ်းဖက်တွေအနေနဲ့ နိုင်ငံတကာ ဥပဒေဖြစ်တဲ့ နိုင်ငံတကာစစ် ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်းရဲ့ နောက်ဆက် တွဲစာချုပ် (၁)၊ အပိုဒ် ၅၂ အပိုဒ်ခွဲ(၂)ပါ ပြည် တွင်းစစ်ပွဲများတွင် ဘက်နှစ်ဘက် စစ်ဆင်တိုက် ခိုက်နေစဉ် စစ်ရေးပစ်မှတ်ကိုသာ တိုက်ခိုက်ခွင့်ရှိသည်ဟုသောအချက်ကို ချိုးဖောက်ရာရောက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

    ပြည်ပြေးအကြမ်းဖက်ဂိုဏ်းချုပ် NUG ရဲ့ လမ်းညွှန်မှုတွေကို အကောင်အထည်ဖော်ပေးတဲ့ ပြည်တွင်းအကြမ်းဖက် PDF တွေရဲ့ လုပ်ဆောင်နေတဲ့ အကြမ်းဖက်လုပ်ရပ်ထဲက အယုတ်မာဆုံးကတော့ အခုတင်ပြခဲ့တဲ့ တိုင်းပြည်ရဲ့ ပညာရေးစနစ်ကို ရိုက်ချိုးဖျက်ဆီးခြင်းဘဲ ဖြစ်ပါတယ်။ အခုလို ကျောင်းသား/ သူတွေ စာသင်ကြားခွင့်မရှိအောင် ပြုလုပ်ခြင်းဟာ အဲဒီဒေသအတွင်းမှာရှိတဲ့ အနာဂတ်ရင်သွေးငယ်များရဲ့ ပညာသင်ကြားသင်ယူနိုင်မဲ့ အခွင့်အလမ်းများပျက်ပြားပြီး ပညာမဲ့လူတန်းစားများဖြစ်ပေါ်လာစေမှာဖြစ်တယ်။

      အဲဒီလို အနာဂတ်မှာ ပေါ်ပေါက်လာမဲ့ ပညာမဲ့ လူတန်းစားတွေဟာ ဆင်ခြင်တုံတရားမရှိတော့တဲ့အခါ နောက်ထပ် ယခုလို တိုင်းပြည်ကိုဖျက်ဆီးမဲ့ အကြမ်းဖက်သောင်းကျန်သူတွေ ထပ်မံပေါ် ပေါက်လာအုံးမှာ မလွဲပါ။ ဒီလို့နဲ့ အကြမ်းဖက်သောင်းကျန်းသူတွေ တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်းနဲ့ သံသရာလည်နေကြအုံးမှာပါ။ ဒီလို အကြမ်းဖက်သောင်းကျန်းသူ သံသရာမှာ ပါယညာမဲ့လူတန်းစားရှိနေခြင်းက လောင်စာရှိအောင်လုပ်ထားတဲ့သဘောပါ။ လောင်စာဆိုတာ သူဟူသူ ရှိနေရင် မီးမလောင်နိုင်ပါဘူး။ သို့သော်လည်း ရှို့မဲ့ မီးရှိလာရင်တော့ လောင်ကျွမ်းသွားမှာပါဘဲ။ ရှို့မဲ့ မီးကတော့ အနောက်နိုင်ငံတွေက အမြဲအဆင့်သင်ရှိနေလေတော့ စဥ်ဆက်မပြတ် လောင်စာမွေးထုတ်ပေးနေရုံနဲ့ ဒီမီးဟာ ဘာ်တော့မှ မငြိမ်းနိုင်တော့ပါ။

      ဒီလိုနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အိမ်နီး ချင်းနိုင်ငံများထက် ဖွံဖြိုးတိုးတက်မှု နောက်ကျပြီး မနေချင်ကြတော့ဘူး ဆိုရင်ဖြင့် အခုလုပ်နေတဲ့ မငြိမ်းချမ်းတဲ့ သံသရာထဲက ရုန်းထွက်ကာ
ပညာရေးစနစ်ကို ရိုက်ချိုးဖျက်ဆီးတဲ့ လုပ်ရပ်တွေ ရပ်လိုက်သင့်ပြီဖြစ်ကြောင်းနဲ့ တိုင်းပြည်ရဲ့ပညာရေးကို ရိုက်ချိုးဖျက်ဆီးခြင်းဟာ မှန်ကန်တဲ့လုပ်ရပ်လား ဆိုတာကို NUG အဖွဲ့ စဥ်းစားအဖြေထုတ်ဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

(၂၂ – ၇ – ၂၀၂၃)

#PAN