မြိုင်မြို့နယ်အတွင်း လူသတ်အကြမ်းဖက် PDF များက အဆင့်မြင့် Drone များအသုံးပြုပြီး ပြည်သူစစ်ကျေးရွာများသို့ ဗုံးများ ပစ်ချတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်

ဇူလိုင် ၂၁

      ယမန် နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် မကွေး တိုင်းဒေသကြီး၊ မြိုင်မြို့နယ်တောင်ပိုင်း၊ သရက်ကန်ပြည်သူ့စစ်ရွာကို အကြမ်းဖက်သောင်းကျန်း သူ PDF များက အဆင့်မြင့် Drone ဖြင့် ဗုံး ၄ လုံးတွဲဖြင့်လာရောက် ပစ်ချခဲ့ကြောင်း သိရပါ သည်။

      ထိုသို့ ဗုံးပစ်ချမှုကြောင့် နေအိမ်တစ်လုံးအနည်းငယ် မီးလောင်ပျက်စီးပြီး လူထိခိုက်ဒါဏ်ရာရရှိခြင်း မရှိကြောင်း၊ အဆိုပါ Drone အားပြည်သူ့စစ်အဖွဲ့များက ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း သိရပါသည်။

    အလားတူ ဇူလိုင်လ ၁၉ ရက်နေ့ကလည်း မြိုင်မြို့နယ်၊ တွင်းမပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်ကျော်လှ အိမ်ပေါ်သို့ လူသတ်အကြမ်းဖက် PDF များ၏ အဆင့်မြင့် Drone ၂ စီးဖြင့် မိုင်း ၄ လုံးချခံခဲ့ကြောင်း၊ နေအိမ်ပြတင်းပေါက် တံခါးပေါက် မှန်ချပ် ၂၀ ခန့်ကွဲပြီး အဒေါ်ဖြစ်သူ ဒေါ်တင်မေ တွင်နောက်ကျော၌ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

     ထို့ကဲ့သို့ လူသတ်အကြမ်းဖက် PDF များက Dron များအသုံးချပြီး ဗုံးများပစ်ချတိုက်ခိုက်မှုကို ဆက်တိုက်ဆောင်ရွက်လာရာ ၎င်းတို့ Drone တိုက်ခိုက်မှုကို တန်ပြန်ချေမှုန်းနိုင် Drone Gun များလိုအပ်လျှက်ရှိကြောင်း၊ ပြည်သူ့စစ်ရွာများတွင် Drone gun များ တပ်ဆင်ပေးစေလိုကြောင်း ဒေသခံပြည်သူ့စစ်များမှ သတင်းပေးပို့လာပါသည်။

#PAN

ဇူလိုင် ၂၁       ယမန် နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် မကွေး တိုင်းဒေသကြီး၊ မြိုင်မြို့နယ်တောင်ပိုင်း၊ သရက်ကန်ပြည်သူ့စစ်ရွာကို အကြမ်းဖက်သောင်းကျန်း သူ PDF များက အဆင့်မြင့် Drone ဖြင့် ဗုံး ၄ လုံးတွဲဖြင့်လာရောက် ပစ်ချခဲ့ကြောင်း သိရပါ သည်။       ထိုသို့ ဗုံးပစ်ချမှုကြောင့် နေအိမ်တစ်လုံးအနည်းငယ် မီးလောင်ပျက်စီးပြီး လူထိခိုက်ဒါဏ်ရာရရှိခြင်း မရှိကြောင်း၊ အဆိုပါ Drone အားပြည်သူ့စစ်အဖွဲ့များက ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း သိရပါသည်။     အလားတူ ဇူလိုင်လ ၁၉ ရက်နေ့ကလည်း မြိုင်မြို့နယ်၊ တွင်းမပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်ကျော်လှ အိမ်ပေါ်သို့ လူသတ်အကြမ်းဖက် PDF များ၏ အဆင့်မြင့် Drone ၂ စီးဖြင့် မိုင်း ၄ လုံးချခံခဲ့ကြောင်း၊ နေအိမ်ပြတင်းပေါက် တံခါးပေါက် မှန်ချပ် ၂၀ ခန့်ကွဲပြီး အဒေါ်ဖြစ်သူ ဒေါ်တင်မေ တွင်နောက်ကျော၌ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။     ထို့ကဲ့သို့ လူသတ်အကြမ်းဖက် PDF များက Dron များအသုံးချပြီး ဗုံးများပစ်ချတိုက်ခိုက်မှုကို ဆက်တိုက်ဆောင်ရွက်လာရာ ၎င်းတို့ Drone တိုက်ခိုက်မှုကို တန်ပြန်ချေမှုန်းနိုင် Drone Gun များလိုအပ်လျှက်ရှိကြောင်း၊ ပြည်သူ့စစ်ရွာများတွင် Drone gun များ တပ်ဆင်ပေးစေလိုကြောင်း ဒေသခံပြည်သူ့စစ်များမှ သတင်းပေးပို့လာပါသည်။