မြိုင်မြို့နယ်အတွင်း လူသတ်အကြမ်းဖက် PDF များက  ပြည်သူစစ်ကျေးရွာများမှ အပြစ်မဲ့အရပ်သားပြည်သူများကို ဖမ်းဆီး၊ သတ်ဖြတ်မှုများပြုလုပ်

ဇူလိုင် ၂၁

      မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တောင်ပိုင်း တွင်းမပြည်သူ့စစ်ရွာမှ ဦးကျော်စန်းသည် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ဆိတ်ကျောင်းသွားရာ ညနေ အိမ်ပြန်လာချိန်ထိ လူရော၊ဆိတ်ရောပြန်ရောက်လာခြင်းမရှိကြောင်း၊ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ရွာ၏ တောက်ဘက် ၁ မိုင်ခန့်အကွာ ပခုက္ကူမြို့နယ် အင်းဘတ်ကျေးရွာအနီး၌ သေဆုံးလျှက်တွေ့ရှိရ
ကြောင်း၊ ဦးကျော်စန်းသည် NLD ပါတီထောက်ခံသူအမာခံဖြစ်ကြောင်း သိရှိရပြီး မည်သည့်အတွက်ကြောင့် သတ်ဖြတ်သည်ကို မသိရသေးကြောင်း သိရှိရပါသည်။

         အလားတူ ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က အဆိုပါကျေးရွာမှ ဦးပေါစံသည် ဆိတ်ကျောင်းထွက်သွားရာ ရွာ၏အရှေ့ဘက် ၁ မိုင်ခန့်အကွာတွင် လူသတ်အကြမ်းဖက် PDF များက လက်နက်ငယ်​ဖြင့် လိုက် လံပစ်ခတ်ခဲ့သဖြင့် ထွက်ပြေးခဲ့ရာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ လွတ်မြောက်ခဲ့ကြောင်း သိရပါ သည်။

      ထို့အတူ ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါတွင်းမပြည်သူ့စစ်ရွာမှ တောင်သူများဖြစ်ကြ သော ဦးထွန်းလင်းနှင့်ဇနီး ဒေါမိုးကြည်၊ ဦးစံငွေ နှင့် ဇနီး၊ ဦးကြိုင်ဦး၊ ဒေါ်ဆန်းအောင် တို့သည် ရွာ၏အရှေ့မြောက်ဖက် ယာတောသို့ နွားလှည်းများဖြင့် ထွက်သွားရာ ဦးထွန်းလင်းနှင့်ဇနီး မမိုးကြည်တို့အား လူသတ်အကြမ်းဖက် PDF များကဖမ်းဆီးထားပြီး ကျန်ပုဂ္ဂိုလ်များအားပြန်လွှတ် ပေးလိုက်ကြောင်း၊ ၎င်းတို့၏နွားလှည်းများကိုလည်း ယူဆောင်ထားလိုက်ကြောင်း၊ ယခုသတင်းရေးသားချိန်တွင် ၎င်းတို့ နှစ်ဦးကို သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံပြည်သူများမှ သတင်းပေးပို့လာပါသည်။

        ဦးထွန်းလင်းနှင့်ဇနီး မမိုးကြည် တို့နှစ်ဦးသည် ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်ကြောင်း၊ အဆိုပါ လူသတ်အကြမ်းဖက် PDF များသည် သာလွန်အင်အားဖြင့် တွင်းမပြည်သူ့စစ်ရွာကို တိုက်ခိုက်ရန် စီစဥ်နေကြောင်း သတင်းရရှိပါသည်။

#PAN