“ထိုင်းနိုင်ငံ Move Forward Party (MFP)၏ အထွေထွေအတွင်းရေးမှူး Chaithawat Tulaton က ၎င်းတို့ပါတီ၏ ဆုံးဖြတ်ချက်များကို နောက်ပြန်ဆုတ်ကာ Pheu Thai ပါတီအား အစိုးရဖွဲ့ရန် သဘောတူ ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့”

ဇူလိုင် ၂၁

ထိုင်းနိုင်ငံ၏ နာမည်ကြီး Move Forward Party (MFP) က ၎င်းတို့၏ ဆုံးဖြတ်ချက်ကို နောက်ပြန်ဆုတ်ကာ Pheu Thai ပါတီအား အစိုးရဖွဲ့ရန် ခွင့်ပြုခဲ့ကြ ကြောင်း အဆိုပါ ပါတီ၏ အထွေထွေ အတွင်းရေးမှူး Chaithawat Tulaton က ယနေ့ ဇူလိုင် ၂၁ရက် သောကြာနေ့တွင် ထုတ်ပြန် ကြေညာခဲ့ တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၏ အစိုးရဖွဲ့စည်းရန်နှင့် ဦးဆောင်ရန် အခွင့်အလမ်းခက်ခဲမှုများကြုံတွေ့နေရသော်လည်း ထိုင်းနိုင်ငံ၏ Move Forward ပါတီ (MFP) ကတော့ ရွေးကောက်ပွဲနောက်ပိုင်း အစိုးရတစ်ရပ် ထူထောင်ရန် ၎င်းတို့ပါတီ၏ ရည်ရွယ်ချက်များကို မစွန့်လွှတ်သေးဘူးလို့ လည်း သတင်းဌာနများ ကဖော်ပြ ပြောဆ်ိုထားကြပါတယ်။

“Pita ဟာ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ဖြစ်မလာနိုင်ပေမယ့် ထိုင်း အစိုးရ သစ်ထူ ထောင်ဖို့ ကျနော် တို့ရဲ့အခြေခံမူတွေကို စွန့်လွှတ်သွားမှာမဟုတ်ပါဘူး။ အစိုးရဟောင်းရဲ့ သြဇာလွှမ်းမိုးမှုများကို ရပ်တန့် နိုင်ရန် ကြိုးစားရမှာ ကျနော်တို့၏တာဝန်ဖြစ်ပါတယ်” လို့ MFP ပါတီ၏ အထွေထွေအတွင်းရေးမှူး Chaitawat Tulaton က ယနေ့ သောကြာ နေ့တွင် ပြောကြား ခဲ့တာလည်း ဖြစ်ပါတယ်။

Move Forward ပါတီ၏ ခေါင်းဆောင် Pita Limjaroenrat နှင့် ၎င်းတို့၏ ပါတီအား ပြီးခဲ့သည့် ဇူလိုင် ၁၉ရက် ဗုဒ္ဓဟူးနေ့က ထိုးနှက်ချက်ကြီးနှစ်ခု ဖြင့် ထိုးနှက်ခံခဲ့ရပြီးနောက် ထိုင်းအစိုးရဟောင်းနှင့် အတိုက်အခံအင်အားစုများက (MFP)ပါတီ ၏လမ်းစဉ်ကို ပိတ်ဆို့တားဆီးရန် ကြိုးပမ်းခဲ့ ကြသည်မှာ ထင်ရှားနေပြီဖြစ်ကြောင်းလည်း မစ္စတာ Chaitawat က ထပ်လောင်း ပြောကြားခဲ့ပါတယ်လို့ သတင်းဌာနများက ဖော်ပြပြောဆိုထားကြပါတယ်။