“တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်နိုင်ငံသည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများကို ကာလရှည်ကြာစွာ ကြီးမားသော ဆိုင်ဘာတိုက်ခိုက် မှုများပြု လုပ်ခဲ့ကြောင်း ပြစ်တင်ရှုံ့ချ ပြောဆိုခဲ့”

ဇူလိုင် ၂၀

ဆိုက်ဘာ တိုက်ခိုက်မှု ဆိုင်ရာလှုပ်ရှားမှုများကို ပြစ်တင်ရှုံ့ချဆန့်ကျင် သည့် အနေဖြင့် တရုတ်နိုင်ငံက ဝါရှင်တန်(အမေရိကန်)ကို ဒေါသတကြီး ထွက်ဆိုပြောကြားခဲ့တာဖြစ်ပြီး တခြားနိုင်ငံတွေကိုပါ ဆိုက်ဘာ တိုက်ခိုက်မှုများပြုလုပ်နေခြင်းများကို ရပ်သင့် တယ်လို့ တရုတ်နိုင်ငံက ပြောကြား ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံသည် ဆိုက်ဘာ တိုက်ခိုက်မှုများ တွင် ခံစားနေရသော သားကောင်ဖြစ်နေပြီး ဆိုက်ဘာတိုက်ခိုက်မှုပုံစံအားလုံးကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ဆန့်ကျင်ပါကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။

အမေရိကန်သည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများကို ကြီးမားသော ဆိုက်ဘာတိုက်ခိုက်မှုများအား ကာလကြာရှည်စွာ လုပ်ဆောင်ခဲ့ ကြောင်းဖြစ် တယ်လို့ တရုတ်နိုင်ငံ ခြားရေးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ Mao Ning က ပြီးခဲ့သည့် ဇူလိုင် ၁၉ရက် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ တာဖြစ်ပါတယ်။

“ပြီးခဲ့တဲ့နှစ်က US Cyber ​​Command ဌာနကြီးက တခြားနိုင်ငံတွေရဲ့ အရေးကြီးတဲ့ အစိုးရ အခြေခံ အဆောက်အအုံတွေဟာ US ဆိုက်ဘာတိုက်ခိုက်မှုတွေရဲ့ တရားဝင် ပစ်မှတ်များဖြစ်ခဲ့ရပါတယ်။ အဆိုပါ ကိစ္စရပ်သည် စိုးရိမ်စရာပါ” လို့ သူမ က သတင်းစာရှင်းလင်းပွဲတွင် ထပ်လောင်း ပြောကြား ခဲ့တာလည်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက ၎င်းတို့ အစိုးရ၏ ဆက်သွယ်ရေး ကွန်ရက်များ ကို တရုတ်က ကျော ထောက်နောက်ခံပြုပြီး တရုတ် ဟက်ကာများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဆိုသော အစောပိုင်းကာလတွင် ပြောကြားခဲ့သည့် စွပ်စွဲချက်များကို တုံ့ပြန်သည့်အနေဖြင့် Mao Ning က မှတ်ချက်ပေး ပြောကြားခဲ့တာ လည်း ဖြစ်ပါတယ်။

“ဆိုက်ဘာလုံခြုံရေးဆိုင်ရာများသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ အမေရိကန်၏ အခြေအမြစ်မရှိသော စွပ်စွဲမှုများ (သို့မဟုတ်) နိုင်ငံရေးရည်ရွယ်ချက်အတွက် အခြားနိုင်ငံများကို အပုပ်ချခြင်းမပြုသင့်​ကြောင်း” မော်က အဆ်ိုပါ သတင်းစာရှင်း လင်းပွဲတွင် အမေရိကန်၏ စွပ်စွဲချက်များက်ို တုန့်ပြန်ပြောကြား​ခဲ့တာလည်းဖြစ်ပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။