“ဆွီဒင် နိုင်ငံအတွင်း မွတ်ဆလင်ဘာသာ ကျမ်းတော် ကုရ်အာန်ကို မီးရှို့ဖျက်စီး မှုများ ဖြစ်ပွား ခဲ့ပြီးနောက် အီရတ်နိုင်ငံ အတွင်းရှိ ဆွီဒင် သံရုံးအား မွတ်လဆင်ဘာသာဝင်များက မီးရှို့ဖျက်စီးမှုများပြုလုပ်ခဲ့ကြ”

ဇူလိုင် ၂၀

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ ဆွီဒင်သံရုံးကို ယနေ့ ဇူလိုင် ၂၀ရက် ကြာသပတေးနေ့ နံနက်အစောပိုင်းက ရာနှင့်ချီသော ဆန္ဒပြသူ ရာပေါင်းများစွာက ဝင်ရောက်စီးနင်း မှုများဖြစ်ပွားကာ ဆွီဒင်သံရုံးကို မီးရှို့ဖျက်စီးမှုများဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မကြာသေးမှီက အချိန်က ဆွီဒင်နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် ကိုရမ်ကျမ်းကို မီးရှို့ခံရမှုကို ဆန့်ကျင်သည့် အဆိုပါ ဆန္ဒပြမှုတစ်ခုတွင် ပါဝင်သည့် နီးစပ်သူ မျက်မြင် သက်သေ တစ်ဦးက သတင်းဌာနများ ကိုပြောကြား ခဲ့တာဖြစ်ပါတယ်။

ထို့နောက် ဆိုရှယ်မီဒီယာများပေါ်တွင် မျှဝေထားသည့် ဗီဒီယိုဖိုင်တွင် ဆွီဒင် သံရုံးအား မီးရှို့ဖျက်စီးနေသည့် ဗီဒီယိုဖိုင်တွင် မီးလောင်နေသည့် ဆွီဒင်နိုင်ငံ သံရုံးအဖြစ် သတ်မှတ်ခံထားရသည့် အဆောက်အအုံနှင့် အဆောက်အအုံ၏ အပျက်အစီး အပိုင်းအစများကို ကိုင်ဆောင်ထားသည့် လူများကို အဆိုပါ ဗီဒီယိုဖိုင် တွင် ပြသထား ကြောင်း သတင်းဌာနများ က ဖော်ပြပြောဆိုထားပါတယ်။