“တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဥ် အဖြစ်ရောက်ရှိနေသည့် အယ်လ်ဂျီးရီးယား သမ္မတ နှင့် တရုတ် သမ္မတ တို့အကြား နှစ်နိုင်ငံပူး ပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကဏ္ဍများတွင် သဘောတူညီချက်နားလည်မှု စာချွန်လွှာ ၁၉စောင်ထိ လက်မှတ်ရေး ထိုးနိုင်ခဲ့”

ဇူလ်ုင် ၁၉

အယ်လ်ဂျီးရီးယားနိုင်ငံ သမ္မတ Abdelmadjid Tebboune က တရုတ်-အယ်လ်ဂျိီးရီးယား နှစ်နိုင်ငံ ‘နက်ရှိုင်းသောဆက်ဆံရေး’ မြှင့်တင်နိုင်ရန် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဥ်အဖြစ်ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။

အယ်လ်ဂျီးရီးယားနိုင်ငံ သမ္မတ၏ ပြောကြားချက်အရ အဆိုပါ ၅ရက်ကြာတရုတ်နိုင်ငံ ခရီးစဉ်သည် နှစ်နိုင်ငံကြား ခိုင်မာသော၊ နက်ရှိုင်းသော ဆက်ဆံရေးနှင့် စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ခြင်း ဖြစ်တယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားပါတယ်။

ထို့နောက် အယ်လ်ဂျီးရီးယားသမ္မတ Tebboune က တရုတ်သမ္မတ Xi Jinping နှင့် ပြီးခဲ့သည့် ဇူလိုင် ၁၈ရက် အင်္ဂါနေ့ ညနေပိုင်းအချိန်တွင် တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကဏ္ဍများစွာ တွင် သဘောတူညီချက်များနှင့် နားလည်မှုစာချွန်လွှာများ အပါအဝင် သဘောတူညီချက် စာတမ်း ၁၉ စောင်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်းလည်း သတင်းဌာနများ ကဖော်ပြပြောဆိုထားပါတယ်။