“တူရကီနိုင်ငံတွင် တောဘက်စွန်းပိုင်းတွင် တောမီးများလောင်ကျွမ်းနေပြီး အဆိုပါ ဒေသရှိ Belen မြို့ တစ်ခုလုံးကို မီးခိုးလုံးကြီးများ ဖုံးလွှမ်းသွားခဲ့”

ဇူလိုင် ၁၇

တူရကီနိုင်ငံအတွင်း တောမီးများလောင်ကျွမ်း မှုများဖြစ်ပေါ်နေပြီး ပြင်းထန် သောအပူရှိန်များ​ နှင့် မီးခိုးလုံးကြီးများသည် တူရကီနိုင်ငံ တောင်ဘက်စွန်းပိုင်းရှိ Hatay ပြည်နယ်ရှိ Belen မြို့တစ်ခုလုံးကို ဖုံးလွှမ်း သွားခဲ့ရပါတယ်။

အဆိုပါ တောမီးလောင်ကျွမ်းမှုများကြောင့် ဒေသခံရာနှင့်ချီသော ပြည်သူများကို ၎င်းတို့၏ နေအိမ်များမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထား ခဲ့ရကြောင်းလည်း သတင်းဌာန များ ကဖော် ပြပြော ဆိုထားကြပါတယ်။

ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်က တူရကီနိုင်ငံ အနောက်တောင်ဘက်ပိုင်း Muglaမြို့ နှင့် Bodrum-Milasမြို့တို့၏ နယ်စပ်အနီး Milas ခရိုင် တွင်တောမီးများ စတင်လောင် ကျွမ်းမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါ မီးကို မီးသတ်သမား များက ငြှိမ်းသတ်နိုင်ခဲ့ကြပြီး မီးလောင်ကျွမ်းမှုများ ပြီးဆုံးချိန်တွင် ကြိုတင် ကာ ကွယ်မှုအနေဖြင့် ထို ဒေသများ အတွင်း နေထိုင်ကြသော ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး မီးလောင်ရ တဲ့အကြောင်း ရင်းကို အာဏာပိုင်များက စုံစမ်းစစ်ဆေး နေဆဲဖြစ်ပါတယ်လို့ သတင်းဌာနများမှ ဖော်ပြပြောဆိုထားကြပါတယ်။