မဟာအောင်မြေမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့ နယ်တို့တွင် လူသတ်အကြမ်းဖက်သောင်းကျန်း သူ PDF များက အသံမိုင်းနှင့် လက်လုပ်မိုင်းများဖောက်ခွဲ

ဇူလိုင် ၁၆

       ယမန်နေ့ ည ၈ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံ/နောက်ရပ်ကွက်၊ အကွက်(၃၉၃)၊ ဧသုခရပ်၊ ၄၁-၄၂ လမ်းကြား၊ ၉၁ (F)-၉၁ လမ်းကြားရှိ နန္ဒဝန်ဘုန်းကြီးကျောင်းအရှေ့ တောင်ဘတ်ပေါက်၊ အုတ်တံတိုင်းအနီးတွင် အသံမိုင်းတစ်လုံး ပေါက် ကွဲခဲ့ကြောင်း၊ လူ၊အဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိကြောင်းနှင့် အသံမိုင်းလာရောက် ဖောက်ခွဲခဲ့သူကို ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရပါသည်။

        အလား​တူ ယမန်နေ့ ည ၈ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ချမ်းမြသာယာရပ်ကွက်၊၇၅လမ်း(c)နှင့် ၁၁၅လမ်းထောင့်ရှိ  မြဝတီဘဏ်ကို  ၁၁၅ လမ်းအတိုင်း အရှေ့မှ အနောက်သို့ လူသတ်အကြမ်းဖက်သောင်းကျန်း သူ PDF ၂ ဦးမောင်းနှင်လာသော scoopy အမျိုးအစား၊နံပတ်မမှတ်မိ၊ အနက်ရောင် ဆိုင်ကယ်ပေါ်မှ ဒေသန္တရ လက်လုပ်မိုင်း ၁ လုံး ပစ်ချခဲ့ရာ လူ/အဆောက်အအုံ တစ်စုံတစ်ရာ ပျက်စီးဆုံးရှုံးမှု မရှိပါကြောင်း၊ထိုသို့ လက်လုပ်မိုင်းပစ်ခတ်စဥ် မြဝတီဘဏ် လုံခြုံရေးအဖွဲ့မှ  အလှည့်ကျကင်းသမားက သေနတ် ၂ ချက်  ခြောက်လှန့် ပစ်ဖောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN