နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီ (၁၀) ခုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လိုင်စင်များရုပ်သိမ်း

ဇူလိုင် ၁၃

     မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထုတ် ပေးထားသည့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီ (၁၀) ခုသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန် ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို လိုက် နာမှုမရှိသဖြင့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲ လှယ်ပေးခွင့်လိုင်စင် (Money Changer License) အား အမှုဆောင်ကော်မတီ အစည်း
အဝေးဆုံးဖြတ်ချက်အရ ရုပ်သိမ်းကြောင်းအများ ပြည်သူသိရှိစေရန် ယမန်နေ့က ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရပါသည်။

      အဆိုပါ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲ လှယ်ပေးခွင့်လိုင်စင် ရုပ်သိမ်းလိုက်သော ကုမ္ပဏီ (၁၀) ခုမှာ –

(၁) Kannan Trading Co.,Ltd
(J) Net Change Co.,Ltd
(၃) Thiri Aung Si Trading Co., Ltd
(၄) Riverwood Group Co., Ltd
(၅) Global Myanmar Services Co., Ltd
(၆) D-Gold Trading Co., Ltd
(၇) Aurum Image Co., Ltd
(၈) Hi Welcome Travel & Tours Co., Ltd
(၉) Sweeties Pearls Co., Ltd
(၁၀) Chase Travels & Tours Co., Ltd တို့ဖြစ်ကြကြောင်း သတင်းရရှိပါသည်။

#PAN