“ထိုင်ဝမ်နိုင်ငံက နှစ်စဥ်ကျင်းပမည့် Han Guang စစ်ရေးလေ့ကျင့်မှုများကို ယခုလနှောင်းပိုင်းတွင် ပြုလုပ်ရန် စီစဥ်ထားကြပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကလည်း ထိုင်ဝမ် နယ်နမိတ် အနီးတွင် စစ်ဆင်ရေး တိုက်လေယာဥ်များ နှင့် ရေတပ်စစ်ရေယာဥ် သင်္ဘောများ စေလွှတ်ထား”

ဇူလိုင် ၁၃

ထိုင်ဝမ်ကျွန်းဆွယ် အနီးတွင် တရုတ်နိုင်ငံက ၎င်းတို့၏ စစ်လေယာဉ်များနှင့် ရေတပ်စစ် သင်္ဘောများ ဖြန့်ကျက်ချထား မှုများဖြစ်ပွား ခဲ့ပါတယ်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ရက်နေ့ နံနက် ၆ နာရီမှ ဇူလ်ိုင်လ ၁၂ရက် နံနက် ၆ နာရီအထိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ထိုင်ဝမ်နိုင်ငံ အနီးတစ်ဝိုက်တွင် စစ်တိုက်လေယာဉ် ၃၈ စင်းနှင့် ရေတပ်သင်္ဘော ၉ စင်းတို့ကို ဖြန့်ကျက်ချထား ခဲ့တာလည်း ဖြစ်ပါတယ်။

ထို့အပြင် ယမန်နေ့ ဇူလိုင် ၁၂ရက် နံနက်ပိုင်းမှ နေ့လယ်အထိ တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော် က ၎င်းတို့၏ J-10 နှင့် J-16 အမျိုးအစား တိုက်လေယာဉ်များ အပါအဝင် နောက်ထပ် လေယာဉ် အစင်း ၃၀ နီးပါးအထိ ထိုင်ဝမ်ကျွန်းဆွယ် အနီး ပျံသန်းမှုများ ပြုလုပ်ခဲ့ကြပါတယ်။

ထို့နောက် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တရုတ်လေတပ်၏ နောက်ထပ် စစ်လေယာဉ် ၂၃ စင်းသည် ထိုင်ဝမ် နယ်စပ်မျဉ်းကြောင်းများကို ဖြတ်ကျော်ပျံသန်းခဲ့ပြီး ထိုင်ဝမ်နိုင်ငံကလည်း နှစ်စဉ်ကျင်းပပြုလုပ်နေသည့် Han Guang စစ်ရေးလေ့ကျင့်မှုများကို ယခုလ နှောင်းပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထား ကြောင်းလည်း သတင်းဌာနများ ကဖော်ပြ​ပြောဆိုထား ကြပါတယ်။

ထိုင်ဝမ်နိုင်ငံက ပြုလုပ်မည့် အဆိုပါ စစ်ရေး လေ့ကျင့်ခန်းများ တွင် နိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်မှုများကို တားဆီးနိုင်ရန် ရည်ရွယ်သည့် စစ်ရေးပြင်ဆင် လေ့ကျင့်မှုများလည်း ပါဝင်သွားမှာဖြစ်ပါတယ်။

ထို့အပြင် အဆိုပါ စစ်ရေးလေ့ကျင့်မှုများတွင် ထိုင်ဝမ်သည် နိုင်ငံအတွင်း လေကြောင်းကျူး ကျော် စီးနင်းမှုများတွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းများ အပါအဝင် သဘာဝ ဘေးအန္တရာယ်များအတွက် အရပ်သားများကို ကူညီကယ်ဆယ်ရေးများ ပါဝင်သည့် လေ့ကျင့်ခန်းများကို ပြုလုပ်သွား မှာဖြစ်တယ်လို့ ဖော်ပြထားကြပါတယ်။

တရုတ်နိုင်ငံ သည် ထိုင်ဝမ်နိုင်ငံ သို့ စစ်ဆင်ရေး တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များ အပါအဝင် စစ်ရေယာဉ်များနှင့် စစ်လေယာဉ်အုပ်စုကြီးများကို နှစ်ရက်အတွင်း စေလွှတ်ခဲ့မှုများ ပိုမိုရှိလာကြောင်း ထိုင်ဝမ် ကျွန်းကာကွယ် ရေးဝန်ကြီးဌာနကပြီးခဲ့သည့် ဇူလိုင်လ ၁၂ရက် ဗုဒ္ဓဟူးနေ့က ထုတ်ပြန် ကြေညာခဲ့တာဖြစ်ပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ပြီးခဲ့သည့် အင်္ဂါနေ့ နံနက် ၆ နာရီမှ ဗုဒ္ဓဟူးနေ့ နံနက် ၆ နာရီကြားတွင် ထိုင်ဝမ်နိုင်ငံ နယ်နမိတ် အတွင်း သို့ စစ်လေယာဉ် ၃၈ စင်းနှင့်အတူ ရေတပ်စစ်သင်္ဘော ၉ စင်းတို့ကို စေလွှတ်ထား ခဲ့ပြီး ဗုဒ္ဓဟူးနေ့ နံနက်မှမွန်းတည့်ချိန်အထိ တရုတ် တပ်မတော်သည် J-10 နှင့် J-16 အမျိုးအစား တိုက်လေယာဉ်များအပါအဝင် နောက်ထပ်လေယာဉ်အစင်း ၃၀ ကို ထိုင်ဝမ် လေပိုင်နက် အနီး ပျံသန်းမှုများပြုလုပ်ခဲ့ကြောင်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။