“အင်ဒိုနီးရှားနိုင်ငံ တွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှနိုင်ငံများ ဆိုင်ရာ အစည်းအဝေးပွဲများကို တတ်ရောက်နိုင်ရန် အတွက် ရုရှားနိုင်ငံခြားရေးဝန်ကြီး နှင့်အတူ ကိုယ်စားလှယ်တော် အဖွဲ့ဝင်များသည် ဂျကာတာမြို့ သို့ရောက်ရှိလာခဲ့”

ဇူလိုင် ၁၂

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က အာဆီယံ အဖွဲ့အစည်းကြီး၏ ဆွေးနွေး ပွဲများတတ်ရောက်နိုင်ရန် အတွက် အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့ သို့ ယနေ့ ဇူလိုင် ၁၂ရက်နေ့တွင် ရောက်ရှိလာခဲ့ ပြီလည်း ဖြစ်ပါတယ်။

ရုရှားနိုင်ငံ၏ ထိပ်တန်းသံတမန် ဖြစ်သည့် Lavrov က အင်ဒိုနီးရှားနိုင်ငံ၌ ဇူလိုင် ၁၄ ရက်အထိ ကျင်းပပြုလုပ်မည့် ASEAN ဆိုင်ရာ အရှေ့တောင်အာရှနိုင်ငံ များအဖွဲ့အစည်း ကြီး မှ စီစဉ်မည့် အခမ်းအနား များ နှင့် အစည်းအဝေး များတွင် ပါဝင်တတ် ရောက်သွားမည် ဖြစ်ကြောင်းလည်း သတင်းဌာနများက ဖော်ပြပြောဆို နေကြပါတယ်။