တနင်္သာရီတိုင်းဒေသကြီး၊ မောတောင်ပြည် ထောင်စုလမ်းမကြီပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူများက ဂိတ်များတိုးချဲ့ဖွင့်လှစ်ပြီး ခရီးသွားယာဥ်များကို စစ်ဆေးခြင်း၊ ဆက် ကြေးကောက်ခြင်းများပြုလုပ်

ဇူလိုင် ၁၁

      တနင်္သာရီတိုင်းဒေသကြီး၊ မောတောင်ပြည် ထောင်စုလမ်းမကြီပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူများက ဂိတ်များတိုးချဲ့ဖွင့်လှစ်လာကြောင်း၊ ယခင်ကမောတောင်ငယ်တောင်ထိပ်တွင် တစ်ဂိတ်သာရှိခဲ့သော်လည်း ယခုအခါမှာသုံးဂိတ်အထိရှိလာသဖြင့် ကုန်ကားများနှင့် ခရီးသွားပြည်သူများမှာ ပိုမိုခက်ခဲလာပါကြောင်း သိရပါသည်။

     ချောင်းနှစ်ပေါက်တွင် အကြမ်းဖက် PDF ခေါင်းဆောင် ဗိုလ်လှမြင့် ဦးစီးပြီး ဂိတ်ဖွင့်လှစ်ကာခရီးသွားများအားနေ့စဉ်စစ်ဆေးနေကြောင်း၊ ဒုတိယဂိတ်မှာ မောတောင်ငယ်အတက်တွင် အကြမ်းဖက် PDF ခေါင်းဆောင် မောင်ငယ် ဦးစီးပြီး ကားဘီးတစ်ဘီးကို တစ်သိန်းကျပ်နှုန်း၊ ဆိုင်ကယ် တစ်စီးလျှင် ငါးသောင်းကျပ်နှုန်းဖြင့် တစ်နှစ်စာကောက်ခံနေကြောင်း၊ မောတောင်ငယ်ထိပ်တွင် အကြမ်းဖက် PDF ခေါင်းဆောင် ရန်နိုင် ဦးစီးပြီး ထိုင်းနိုင်ငံသို့အောက်လမ်းမှ အလုပ်သွားလုပ်ကြသူများထံမှ တစ်ဦးလျှင် နှစ်သောင်းခွဲကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သတင်းရရှိပါသည်။

#PAN