အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF များက ကရင်ပြည်နယ်အတွင်းရှိ တံတား တစ်စင်းကိုဖောက်ခွဲခဲ့ပြီး ကုန်သွယ်ရေးဇုံနှင့် မြဝတီမြို့ကို အကြမ်းဖက်တိုက်ခိုက်ရန် ပြင်ဆင်နေ

ဇူလိုင် ၁၀

     ယနေ့ နံနက် ၁ နာရီချိန်ခန့်၌ KNU တပ်မဟာ (၁)၊ ရင်း(၁)မှ ခေါင်းဆောင်(စိစစ်ဆဲ)အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့တို့မှ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊နောင်ကျန်ကျေးရွာအုပ်စု၊ ဂူဝကျေးရွာအနီး၊ ဝါးဘိုးတောနှင့် ဘုရင့်ညီဂူအကြား ဘားအံ – သထုံသွားကားလမ်းမကြီးရှိ တံတားအမှတ် (၁/၁၃) အားမိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် တံတားလက်ရမ်းများနှင့်တံတားအောက်ခြေများပျက်စီးသွားခဲ့ပြီးလတ်တ​လောအ​ခြေအ​နေအရ မော် တော်ယာဥ်များဖြတ်သန်းသွားလာ မသွားရဲတော့ကြောင်း သိရှိရပါသည်။

        ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲကနယ်အတွင်းရှိ ကျောက်တောင်နောက်ကျောနှင့် မဲကနယ်အနောက်ဘက် ဒေသအခေါ် ဘထ နေရာများတွင် Cobra စစ်ကြောင်းမှ စစ်ကြောင်းမှူး စောဒါဘောဦးစီး   KNLAအဖွဲ့နှင့် စောရန်နိုင် ဦးစီးအကြမ်းဖက် PDF ပူးပေါင်းအင်အား ၅၀၀ကျော် ခန့်သည် လက်နက်ခဲယမ်းမပြည့်စုံသဖြင့် ခဲယမ်းစောင့်ဆိုင်းနေကြောင်း၊ ကုန်သွယ်ရေးဇုံနှင့် မြဝတီမြို့ကို အကြမ်းဖက်တိုက်ခိုက်သွားရန်ပြင်ဆင်နေကြောင်း သတင်းရရှိပါသည်။

#PAN