ဇူလိုင် ၉
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့အတွင်းသို့နေ့စဉ်ဈေး လာရောက်ရောင်းချနေသော မြို့အနီးအနားရွာများမှ ကုန်စိမ်းဈေးသည်များကို ယမန်နေ့ မှစတင်၍ မြိုင်မြို့အတွင်းသို့ ဈေးဘရောင်းမသွားရန် လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF များက ခြိမ်းခြောက်တားမြစ်ထားသောကြောင့် ယနေ့တွင် အဆိုပါ ကုန်စိမ်းသည်များ မလာဝံ့ကြတော့ကြောင်း၊ နယ်ဝေးခရီးသွားယာဉ်လိုင်းများကိုလည်း ယာဉ်လိုင်းများ ပိတ်သိမ်းရန် ၎င်းအကြမ်းဖက်အဖွဲ့က တားမြစ်ထားသောကြောင့် ယာဉ်လိုင်းများလည်း ရပ်နားထားကြရကြောင်း သိရပါသည်။
မြိုင်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်ရွာများမှပြည်သူများကို ခရီးသွားခြင်း၊ ဈေးဝယ်ခြင်းများမပြုလုပ်ရန် အဆိုပါ လူသတ်အကြမ်းဖက် PDF များက တားမြစ်ပိတ်ပင်ခြင်းများပြုလုပ်ထားသောကြောင့် စားနပ်ရိက္ခာများ အခက်အခဲဖြစ်ပေါ်နေကြောင်း၊ ဇူလိုင်လ ၃ ရက်နေ့ က မြိုင်မြို့နယ်၊ တွင်းမပြည်သူ့စစ်ရွာမှ ဦးဖိုးသန်း သည် ၎င်း၏ဆိုင်ကယ်ဖြင့်ကမ္မဈေးမှ ဆန်အိတ်များကိုသယ်ယူပေးနေစဉ် အင်ဘတ်ရွာအနီး၌ လူသတ်အကြမ်းဖက် PDF များက ဖမ်းဆီးကာ သတ် ဖြတ်လိုက်ကြောင်း၊ ၎င်းဖြစ်စဉ်ကြောင့် တွင်းမရွာမှ ပြည်သူများ ဈေးဝယ်မထွက်ဝံ့တော့ကြောင်း၊ ပြည်သူ့စစ်ရွာ မဟုတ်သောရွာမှ ပြည်သူများ သည် လွတ်လပ်စွာခရီးသွား ဈေးဝယ်နိုင်ကြပြီး ပြည်သူ့စစ်ရွာမှ ပြည်သူများမှာ စားနပ်ရိက္ခာများပြတ်လပ်နေကြကြောင်း ၎င်းရွာမှ ပြည်သူများမှ သတင်းပေးပို့လာပါသည်။
#PAN