ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာရှိ ရှင်းရင်(hotel &KTV) ပိုင်ရှင်ကို လူသတ်အကြမ်းဖက် PDF များက သတ်ဖြတ်

ဇူလိုင် ၉

     ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာရှိ ရှင်းရင်(hotel &KTV) ပိုင်ရှင် ဒေါ်ဖြူဖြူသန့်၊ ၄၅ နှစ် သည် ယူမှာကျေးရွာ ဂျိတ်စတား KTV သိုရောက်ရှိနေခိုက် ယမန်နေ့ ည ၉ နာရီခွဲအချိန်ခန့်က စိစစ်ဆဲ လူသတ်အကြမ်းဖက် PDF များက hotel အပြင်သို့ခဏထွက်လာရန်ခေါ်ဆောင်သွားပြီး ဖမ်းဆီးခေါ်ဆောင်ခဲ့သွားကြောင်း၊ယနေ့ နံနက် ၇ နာရီချိန်တွင် ဆိုင်းတောင်ကျေးရွာဟောင်း (ခေါ်) ဆိုင်းတောင်ရွာဟောင်းအပိုင် ကတ္တရာလမ်းမပေါ်တွင် သေနတ်ဒဏ်ရာများဖြင့်သေဆုံးလျက်ပြန်လည်တွေရှိခဲ့ရကြောင်း သိရပါသည်။

    လွန်ခဲ့သော လတွင်လည်း ဆိပ်မူကျေးရွာအတွင်းရှိ သံယောဇဉ်နန်းတော် KTV ပိုင်ရှင် မသီတာကိုလဲ လူသတ်အကြမ်းဖက် PDF များက အခန်းအတွင်း ဝင်ရောက်၍ သတ်ဖြတ်ပြီး ရွှေငွေနှင့် အဖိုးတန်ပစ္စည်းများယူဆောင်သွာသည့်ဖြစ်စဥ် ဖြစ်ပွါးခဲ့ပါသည်။

        လူသတ်အကြမ်းဖက် PDF များက ၎င်းတို့ တောင်းဆိုသော ဆက်ကြေးငွေမရလျှင်သော် လည်းကောင်း၊ ဆက်ကြေးငွေကို ၎င်းတို့ တောင်းသလောက်မရလျှင်သော်လည်းကောင်း ယခုလို သတ်ဖြတ်လေ့ရှိကြောင်း ဒေသခံပြည်သူတစ်ချိ့၏ ပြောပြချက်အရ သိရပါသည်။

#PAN