သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ် နယ်နိမိတ်အစပ်ရှိ ရန်ကုန် – မော်လမြိုင်သွားကားလမ်း ၊ ကျုံအိပ်တံတားတွင် ပြုပြင်နေသည့် တံတားအထူး (၁၄)အဖွဲ့ကို အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF (စိစစ်ဆဲ) ပူးပေါင်းအဖွဲ့ Drop Bomb ပစ်ချတိုက်ခိုက်

ဇူလိုင် ၉

       ယနေ့ နံနက်၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ် နယ်နိမိတ်အစပ် ၊ ဒုံဝန်းကျေးရွာနှင့် ရွှေရောင်ပြ ကျေးရွာကြားဆက်သွယ်ထားသည့် ရန်ကုန် – မော်လမြိုင်သွားကားလမ်း ၊ ကျုံအိပ်တံတားကို ပြု ပြင်နေသည့် တံတားအထူး (၁၄)အဖွဲ့အား အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF (စိစစ်ဆဲ) ပူးပေါင်းအဖွဲ့မှ  Drone ယာဉ်လွှင့်တင်ပြီး Drop Bomb ၅ လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ Drop Bomb ပစ်ချတိုက်ခိုက်မှုကြောင့်တံတားအထူး(၁၄) အဖွဲ့မှ အလုပ်သမားများအား ထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ကြောင်း သိရပါသည်။

Drop Bomb ကျရောက်ပြီးနောက် နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်တွင် တပ်မတော်လုံခြုံရေးအဖွဲ့နှင့် အကြမ်းဖက်သောင်းကျန်းသူ KNU/PDF အင်အား(စိစစ်ဆဲ)အဖွဲ့တို့မှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ၁၀ နာရီ ၃၅ မိနစ်အချိန်တွင် ပစ်ခတ်မှုပြီးဆုံးခဲ့သည်။

       အဆိုပါ Drop Bomb ပစ်ချတိုက်ခိုက်မှုကြောင့် သထုံမြို့နယ်၊ ကျိုက်ကော်ဘက်မှ ဘီးလင်းမြို့နယ်၊ တဘက်ဆွဲကျေးရွာသို့ပြန်လာသည့် ဘေးတွဲဆိုင်ကယ်ယာဉ်မောင်း နေထွန်းအောင်၊ ၂၃ နှစ်၊(ဘ) ဦးမောင်စိန်ဝင်း၊ မပတ(ရှိ/ မမှတ်မိ)၊ ပန်းရံလုပ်၊ မောင်းနှင်ပြီး၊ ဘေးတွဲပေါ် တွင် ၎င်း၏အမေဖြစ်သူ ဒေါ်ပန်းဝါ၊ ၅၃နှစ်၊ (ဘ) ဦးအောင်ခင်၊ မှီခို၊ မပတ(ရှိ/ မမှတ်မိ)၊ တဘက်ဆွဲကျေးရွာနေသူ လိုက်ပါလာသည့်ဘေးတွဲယာဉ်မှာ ကျုံအိတ်တံတားအနီး အရောက်တွင် အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF များ၏ Drop Bomb ပစ်ချတိုက်ခိုက်မှုကြောင့် ဒေါ်ပန်းဝါတွင် ဝဲနှာခေါင်းဘေး ရှပ်ထိပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)၊ ဘေးတွဲယာဉ်မောင်းဖြစ်သူ နေထွန်းအောင် တွင် ယာခြေသလုံး ပွန်းပဲ့ဒဏ်ရာ၊ ဝဲနံဘေးရှပ်ထိပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN