မအူပင်မြို့နယ်တွင် စကားများရန်ဖြစ်ရာမှ ဓာထိုးဖြင့်ထိုးခဲ့ရာမှ လူသတ်မှုဖြစ်ပွား

ဇူလိုင် ၈

      ယမန်နေ့ ည ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့် ကိုဇော်ကိုကို၊ ၃၀နှစ်(ဘ)ဦးသန်းစိုး၊ဗမာ/ဗုဒ္ဓ၊(၄)တန်း၊ ဘောက်လုပ်၊ ပန်းပင်စု၊ အထက်ပိုင်း၊ပန်းပင်စုအုပ်စု၊ မအူပင်မြို့နယ်နေသူသည် နေအိမ်၌ရှိနေစဉ် ပန်းပင်စုကျေးရွာ၊အထက်ပိုင်းနေ မိခင်ဖြစ်သူ ဒေါ်ကြည်မြင့်မှ ဓနိကာရုံဘုန်းတော်ကြီးကျောင်းရှေ့လမ်းပေါ်တွင် ၎င်း၏ ညီဖြစ်သူ ဖြိုးသီဟ(ခ)ကုလားနှင့် သန်းဇော်ဦးတို့စကားများရန် ဖြစ်နေကြကြောင်း ဖုန်းဖြင့်အကြောင်းကြားသဖြင့် ၎င်းနေရာသို့ သွားရောက်ခဲ့ရာ ညီဖြစ်သူဖြိုးသီဟ(ခ)ကုလားမှာ ပန်းပင်စုကျေးရွာ၊ဓနိကာရုံဘုန်းတော်ကြီးကျောင်းရှေ့ လမ်းမပေါ်တွင် ဝဲဘက်နံဘေးထိုးသွင်းသွေးထွက်ဒဏ်ရာ ၁ ချက်ဖြင့်လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရပါသည်။

     ဖြစ်စဥ်မှာ သန်းဇော်ဦး နှင့် ဖြိုးသီဟ (ခ) ကုလားတို့ရန်ဖြစ် စကားများရာမှ သန်းဇော်ဦးမှ ဖြိုးသီဟ(ခ) ကုလားအား ဓါးဖြင့်ထိုးရာ ဒဏ်ရာရရှိ၍ ဖြိုးသီ(ခ)ကုလားမှ ရရှိသည့် ဒဏ်ရာဖြင့် ထွက်ပြေးစဉ် (၄/၅)လံခန့် အရောက်၌ လဲကျသွားပြီး သန်းဇော်ဦးလည်း ထွက်ပြေးသွားကြောင်း၊ ၎င်းနောက် ရာအိမ်မှူး ဦးမြင့်ဦး၊ ဦးမြင့်စိန် တို့ထံ အကြောင်းကြားခဲ့ပြီး သေဆုံးသူ ဖြိုးသီဟ(ခ)ကုလား၊ ၂၆နှစ်(ဘ)ဦးသန်းစိုး၊ဗမာ/ဗုဒ္ဓ၊ကျဘမ်းလုပ်၊(၂)တန်း၊ အထက်ပိုင်း၊ပန်းပင်စုအုပ်စု၊မအူပင်မြို့နယ်နေသူ၏အလောင်းကို မအူပင်မြို့နယ်၊ပြည်သူ့ဆေးရုံသို့ရဲဆေးစာဖြင့်ပို့အပ်ဆောင်ခဲ့ကြောင်း သိရပါသည်။

       ဓါးဖြင့်ထိုးသတ်ခဲ့သူ သန်းဇော်ဦး၊ ၃၅နှစ်၊ (ဘ)ဦးအောင်စိုး၊၁၄/မအပ(နိုင်)၂၁၂၁၈၃
ဗမာ/ဗုဒ္ဓ၊ (၁၀)တန်း၊ ကိုင်းလုပ်၊ ပန်းပင်စုကျေးရွာအလယ်ပိုင်း၊ ပန်းပင်စုအုပ်စု၊ မအူပင်
နယ်နေသူကို ဥပဒေအရ အရေးယူပေးပါရန် ကိုဇော်ကိုကို က တရားလိုပြုလုပ်ပြီးအမှုတိုင်တန်းခဲ့ရာ ရွှေတောင်မှော်နယ်မြေရဲစခန်းမှ ၂၀/၂၀၂၃၊ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် လက်ခံစစ်ဆေး
ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN