နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ပြည်ပသို့ ပြောင်းတန်ချိန် ၁၄၀၀၀၀ ကျော် တင်ပို့

ဇူလိုင် ၇

          မြန်မာ့ပြောင်းများကို ပြည်ပသို့ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တန်ချိန် ၁၄ဝဝဝဝ ကျော် တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

        မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှပြောင်းတန်ချိန် ၁၄၂၆၃ဝ ကျော်နှင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှပြောင်းတန်ချိန် ၁၁၅၆တန်၊စုစုပေါင်း ပြောင်းတန်ချိန် ၁၄၃၇၈၈ တန် တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၄ ဒဿမ ၆၉၆ သန်း ရရှိခဲ့ခြင်းဖြစ်သည်။

     ယင်းအပြင် ပင်လယ်ရေကြောင်းကုန်သွယ်
မှုမှ အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၃၅၅ သန်း
တန်ဖိုးရှိ ပြောင်းတန်ချိန် ၈၅၉၃၀ တင်ပို့ထား
ကြောင်း သိရသည်။

       ပင်လယ်ရေကြောင်းမှ တင်ပို့မှုတွင် ထိုင်း
နိုင်ငံသို့ ပြောင်းတန်ချိန် ၈၂ဝ၂ဝ ကျော်၊ ဖိလစ်ပိုင်
နိုင်ငံသို့ ပြောင်းတန်ချိန် ၃၈၈ဝ ကျော်နှင့် စင်္ကာပူ
နိုင်ငံသို့ ပြောင်းတန်ချိန် အနည်းငယ် တင်ပို့ခဲ့ ကြောင်း သိရသည်။

     ထို့ကြောင့် မြန်မာ့ပြောင်း ပြည်ပတင်ပို့မှုတွင်
ကုန်သွယ်ရေးနည်းလမ်းနှစ်ခုမှ ပြောင်း ၂၂၉၇၁၈
တန် တင်ပို့နိုင်ခဲ့သည့်အတွက် တန်ဖိုးအမေရိကန်
ဒေါ်လာ ၇၁ ဒသမ ၀၅၁ သန်း ရရှိခဲ့ပြီး ယခင်လ
ပြောင်းတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ပြောင်းတန်ချိန်
တစ်သိန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

     မြန်မာနိုင်ငံအနေဖြင့် ယခု ၂ဝ၂၃-၂ဝ၂၄
ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ပြောင်း
တန်ချိန် နှစ်သန်းကျော် တင်ပို့ရန် လျာထားကြောင်းသိရသည်။

      လက်ရှိ မြန်မာနိုင်ငံ၌ ပြောင်းစိုက်ပျိုးမှု၏
၇ဝ ရာခိုင်နှုန်းကို မိုးပြောင်းအဖြစ် စိုက်ပျိုးကြပြီး
ကျန် ၃ဝ ရာခိုင်နှုန်းကို ဆောင်းပြောင်းအဖြစ် စိုက်ပျိုးကြကာ ကချင်ပြည်နယ်၊ကယားပြည် နယ်၊ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေကြီးတို့တွင် အဓိက စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

#PAN