“အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံအား နိုင်ငံပေါင်း ၁၂၃နိုင်ငံမှအသုံးပြုမှုများ တားမြစ်ထားကြသော Cluster ဗုံးများ ပေးပို့ထောက်ပံ့နိုင်ရေး ဆွေးနွေးမှုများ ပြုလုပ်နေ”

ဇူလိုင် ၆

ယူကရိန်းနိုင်ငံ သို့ ယခုသီတင်းပတ်အတွင်း လူများကို အစုလိုက်အပြုံလိုက် သေစေနိုင်သော cluster ဗုံးများ ပေးပို့သွားနိုင်ရန် အမေရိကန်နိုင်ငံ က ဆုံးဖြတ်ပေးသွား ဖွယ်ရှိနေပါတယ်။

အမေရိကန်နိုင်ငံ အစိုးရရဲ့ သတင်းရင်းမြစ်များကို ကိုးကားပြီး CBS သတင်း ရုပ်သံလိုင်းက ယူကရိန်းနိုင်ငံသို့ အဆိုပါ ဗုံးများ ထောက်ပံ့ပေးပို့မှုအား အမေရိကန် အစိုးရ အာဏာပိုင်များက ယခုသီတင်းပတ် အတွင်း ဆုံးဖြတ်ကြမှာဖြစ်တယ်လို့ ပြီးခဲ့သည့် ဇူလိုင် ၅ရက်နေ့က ဖော်ပြပြောဆိုထားပါတယ်။

ထို့နောက် CBSသတင်းဌာန ၏အဆိုအရ cluster ဗုံးများ အမေရိကန်နိုင်ငံမှ ယူကရိန်းနိုင်ငံအား ထောက်ပံ့ပို့ဆောင် ပေးနိုင်ရေး ဆွေးနွေးမှုများသည် “မျှော်လင့်ထားသည်ထက်တော့ ထောက်ပံ့မှုအချိန် နှေးကွေးနိုင်ပြီး” အဆိုပါ ဗုံးတစ်လုံးကို ပစ်ချ လိုက်သည့် ဧရိယာများတွင် သမားရိုးကျ ပေါက်ကွဲမှုများထက် ၅ ဆခန့် အားကောင်းသောပေါက်ကွဲမှုများဖြစ်ပွားစေနိုင်ပြီး ကမ္ဘာ့ နိုင်ငံပေါင်း ၁၂၃ နိုင်ငံမှ လက်မှတ်ရေးထိုးထားကြသည့် နိုင်ငံတကာ ကွန်ဗင်းရှင်းတွင် cluster ဗုံး လူများကို အစုလိုက်အပြုံလိုက် သေစေနိုင်သော ဗုံးများအသုံးပြုမှုများကို တားမြစ်ထား ကြတာလည်းဖြစ်ပြီး အဆိုပါ လက်မှတ်ရေးထိုးထားကြသည့် နိုင်ငံများတွင် အမေရိကန်နိုင်ငံ နှင့် ယူကရိန်းနိုင်ငံတို့ မပါဝင်ထားကြပါဘူးလို့လည်း သတင်းဌာန များက ဖော်ပြပြောဆိုထား ကြပါတယ်။