“အစ္စရေးအစိုးရက မြို့တော် ရဲချုပ်အား အတင်းအကျပ် ရာထူးမှ နုတ်ထွက်စေခဲ့သည်ကို အစ္စရေးပြည်သူများက ဆန့်ကျင်သည့် အနေဖြင့် နိုင်ငံတဝှမ်းရှိ အဓိကလမ်းများကို ပိတ်ဆို့ ဆန္ဒပြမှု များဖြစ်ပေါ်ခဲ့”

ဇူလိုင် ၆

အစ္စရေးနိုင်ငံ၏ မြို့တော် Tel Aviv မြို့တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများက မြို့အတွင်းရှိ ပင်မအဝေးပြေးလမ်းမကြီးကို ပိတ်ဆို့ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး အစိုးရအာဏာပိုင် ရဲများက မီးသတ်ပိုက်များအသုံးပြုကာ ပြီးခဲ့သည့် ဇူလိုင် ၅ရက်နေ့က လူစုခွဲခဲ့ရတာလည်းဖြစ်ပါတယ်။

Tel Aviv မြို့တွင် ဆန္ဒပြသူများက အတားအဆီးများ ဖန်တီးကာ မြို့တော်၏ အဓိကအဝေးပြေးလမ်းမကြီးပေါ်တွင် မီးတင်ရှို့မှုများပြုလုပ်ခဲ့ကြသောကြောင့် အဆိုပါ လုပ်ရပ်များကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေး အစိုးရ၏ တရားစီရင်ရေး နှင့် ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲဆူပူမှုများတွင် ပါဝင်ခဲ့ကြသည့် ဆန္ဒပြသူ ၁၀ ဦးခန့်ကို အစ္စရေး ရဲတပ်ဖွဲ့က ဖမ်းဆီးထာခဲ့ရပါတယ်။

အစ္စရေး နိုင်ငံအတွင်း ဆန္ဒပြသူတွေနဲ့ ရဲများ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး နိုင်ငံတဝှမ်းတွင် ဆန္ဒပြသူ ၂၅ ဦးထက်မနည်း ဖမ်းဆီးခံ ခဲ့ရကြောင်း အစ္စရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်လို့ သတင်းဌာနများကပြောဆိုနေကြပါတယ်။

အစ္စရေးနိုင်ငံ၏ မြို့တော် တဲလ်အဗစ်မြို့၏ ရဲချုပ်အား အစ္စရေးအစိုးရက အတင်းအကျပ် ရာထူးမှ နုတ်ထွက်စေခဲ့သည်ကို ဆန့်ကျင်သည့် အနေဖြင့် သောင်းနှင့်ချီသော အစ္စရေးပြည်သူများက ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် မြို့တော် တဲလ်အဗစ်မြို့ရှိ အဓိက အဝေးပြေးလမ်းမကြီးနှင့် နိုင်ငံတဝှမ်းရှိ အခြားသော အဓိကလမ်းဆုံများကို ပိတ်ဆို့ခဲ့ကြတာဖြစ်ပြီး အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu ၏ အစိုးရအဖွဲ့ဝင်များ၏ နိုင်ငံရေးအရ ဖိအားပေးမှုများကြောင့် ရဲတပ်ဖွဲ့ဝင်များ ရာထူးမှ နုတ်ထွက်ရခြင်းဖြစ်ကြောင်း Tel Aviv ခရိုင်မှူး Ami Eshed က ပြီးခဲ့သည့် ဇူလိုက် ၄ရက် အင်္ဂါနေ့မနေ့အစောပိုင်းတွင် ထုတ်ပြန် ပြောကြားခဲ့တာလည်းဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထား ကြပါတယ်။