ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများရှိ အစိုးရစာသင်ကျောင်းတွင်ပညာသင်ကြားနေသောကျောင်းသား/သူများကို ၅ရက်အတွင်းပြန်လည်ခေါ်ယူရန် NUGလက်အောက်ခံအကြမ်းဖက် PDF ခေါင်းဆောင်က အမိန့်ထုတ်

ဇူလိုင် ၆

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မြောက်ခြမ်းရှိ ကို့တောင်ဘို့တိုက်နယ်၊ချပ်သင်းတိုက်နယ်၊ပင့်သာတိုက်များရှိကျေးရွာပေါင်း ၅၀ ကျော်တို့ရှိကျောင်းသား/သူ များသည်ကျေးရွာတွင်စာသင်ကျောင်းများမဖွင့်သည့်အတွက်ကန့်ဘလူမြို့ရှိ အထကကျောင်းနှင့်ကိုယ်ပိုင်ကျောင်းများသို့လာရောက်ပညာသင်ကြားနေလျှက်ရှိကြောင်း သိရှိရပါသည်။

     ထိုသို့ ပညာသင်ကြားနေသောကျောင်းသား/သူများကို ၅ရက်အတွင်းပြန်လည်ခေါ်ယူရန်မခေါ်ပါက ၎င်းတို့နေထိုင်သော နေအိမ်တို့ကို မီးရိူ့ဖျက်ဆီးပစ်မည်ဟု ကို့တောင်ဘို့၊ချပ်သင်း၊ပင့်သာတိုက်နယ်တို့ရှိ NUGလက်အောက်ခံအကြမ်း ဖက်PDFခေါင်းဆောင် ကန့်ဘလူမြို့နယ်မြောက်ခြမ်းတာဝန်ခံဗိုလ်တိုက်ဂါးဆိုသူမှ NUGရုံးစိုက်ရာ ဆားကျင်းကျေးရွာတွင်အစည်းဝေးပြုလုပ်ကာ ကျေးရွာအသီးသီးအကြမ်းဖက်ခေါင်း ဆောင်တို့ကို အမိန့်ထုတ်ပြန်ခဲ့ကြောင်းသိရှိရပါသည်။

     ကန့်ဘလူမြို့နယ်၊ အရှေ့ခြမ်းရှိ မလည်တိုက်နယ်၊ဇီးကုန်းတိုက်နယ်၊ထန်းကုန်းတိုက်နယ်၊ကာဘိုးတိုက်နယ်တို့တွင် ပြည်သူ့စစ်ဖွဲ့စည်ထားသောကျေးရွာများမှအပ ကျန်ကျေးရွာများရှိ ကျောင်း သား/သူ များအားလုံးကိုအကြမ်းဖက်အဖွဲ့မှ ခြိမ်း ခြောက်ခံရမူများရှိနေသည့်အတွက်ပြန်လည်ခေါ်ယူနေရခြင်းဖြစ်ကြောင်းသတင်းရရှိပါသည်။

#PAN