ဝမ်းတွင်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ နှစ်ဦးကို အမည်မသိ လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF များက သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်

ဇူလိုင် ၅    

      ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ဝမ်းတွင်းမြို့နယ်၊ရုံးပင်ကုန်းကျေးရွာနှင့်ညောင်ပင်ကုန်းကျေးရွာကြား ဖြတ်လမ်းပေါ်တွင် ဝမ်းတွင်းမြို့နယ်၊ကန်ပတ် လည်ကျေးရွာဘက်မှနွားဝယ်ပြီး ဝမ်းတွင်းမြို့နယ်၊သုံးဒေါင့်အိုင်ကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့်ပြန်လာသော ဦးထီလာ၊၅၉နှစ်၊(ဘ)ဦးဖိုးရီ၊အုပ်ချုပ်ရေးမှုး၊သုံးဒေါင့်အိုင်ကျေးရွာ၊ဝမ်းတွင်းမြို့နယ်နေသူနှင့် ဦးနေမင်းထွန်း(ခ)ကိုမဲလေး၊၄၃နှစ်၊(ဘ)ဦးကျော်ညွန့်၊အုပ်ချုပ်ရေး ရွာခွဲတာဝန်ခံ၊သုံးဒေါင့်အိုင်ကျေးရွာ၊ဝမ်းတွင်းမြို့နယ်နေသူတို့ကို အမည်၊အင်အားစိစစ်ဆဲ လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

    ထိုသို့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဦးထီလာ တွင် ဝဲဘက် လက်ပြင်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲဘက် နောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာ-နားထင် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာဘက် ဂုတ်ပိုး ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာ-တင်ပါး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝဲ-မျက်လုံး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ယာဘက် နဖူး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝဲဘက်ရင်အုံ ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ဝမ်းဗိုက် ပေါက်ပြဲဒဏ်ရာ ၁ချက် ဖြင့်လည်းကောင်း၊ ဦးနေမင်းထွန်း(ခ)ကိုမဲလေး တွင် ယာ-တင်ပါး ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာ-မျက်စိအောက် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာ-နားရွက်နောက် ဖောက်ဝင်ဒဏ်ရာ ၁ချက်ဖြင့်လည်းကောင်း သေဆုံးခဲ့ကြောင်းနှင့် အခင်းဖြစ်နေရာအနီးမှ 380 LUGER ငွေရောင် ကျည်ခွံ ၁၁ခု၊ကြေးရောင် ၃ခု၊ခဲရောင် ကျည်ထိပ်ဖူး ၁ ခုတို့အား တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

       သေဆုံးသူ ဦးထီလာ နှင့် ဦးနေမင်းထွန်း (ခ) ကိုမဲလေး တို့သည် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူများဖြစ်ကြောင်း သိရှိရပြီး ပြည်ပြေးအကြမ်းဖက်အဖွဲ့ NUG လက်ဝေခံ PDF အမည်ခံ အကြမ်း ဖက်သောင်းကျန်းသူများသည် ”ငါနဲ့မတူ ငါ့ရန်သူ” ဟူသော အကြမ်း ဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘောထားမတူသော လက်နက်မဲ့ ​ပြည်ခိုင်ဖြိုးပါတီဝင်များ၊ဝန်းရံသူ များနှင့် ၎င်းတို့၏ မိသားစုဝင်များကို လက်နက်အားကိုးဖြင့် ပစ်မှတ်ထားသတ်ဖြတ်နေကြကြောင်း သိရှိရပါသည်။

#PAN