နွားထိုးကြီးမြို့နယ်၊နွားထိုးကြီး-မလှိုင်သွား ကားလမ်းဘေးတွင် အသက် ၄၀နှစ်ခန့်ရှိ အမျိုးသားတစ်ဦး လည်ပင်း လှီးဖြတ်ဒဏ်ရာ၊ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာတို့ဖြင့် သေဆုံးနေ

ဇူလိုင် ၅    

      ယနေ့ နံနက် ၈ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊နွားထိုးကြီးမြို့နယ်၊ထ နောင်းပင်လဲကျေးရွာအနီး၊နွားထိုးကြီး-မလှိုင်သွား ကားလမ်းဘေး၊ လမ်း၏ယာဘက်ခြမ်းတွင် အသက် ၄၀နှစ်ခန့်၊အင်္ကျီအသားရောင်၊ပုဆိုး အနက်ကွက်စိပ်ဝတ်ထားသည့် အမည်မသိ အမျိုးသားတစ်ဦးအား လည်ပင်း လှီးဖြတ်ဒဏ်ရာ ၁ချက်၊ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ ၁ချက်တို့ဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရှိရပါသည်။

      နယ်မြေခံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သွား ရောက်စစ်ဆေးပြီး သေဆုံးသူ မည်သူမည်ဝါဖြစ်သည်ကို စုံးစမ်းပြီး တရားခံဖမ်းဆီးရေး အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN