“ပြင်သစ်နိုင်ငံ တစ်ဝန်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြ အဓိကရုဏ်းဖြစ်ပွားမှုများ ပိုမိုအား ကောင်းလာ ပြီး ရဲစခန်း အဆောက်အအုံများ ကိုပါ မီးရှို့ဖျက်ဆီးမှုများဖြစ်ပေါ်ခဲ့”

ဇူလိုင် ၄

ပြင်သစ်နိုင်ငံအတွင်း ဆယ်ကျော်သက်လူငယ် တစ်ဦးကို ပြင်သစ်ရဲတပ်ဖွဲ့က အသေပစ်ခတ်ခဲ့ မှုဖြစ်ပွားခဲ့ရပြီးနောက်​ ရဲတပ်ဖွဲ့ဝင်များ နှင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ကာ နိုင်ငံအတွင်း မငြိမ်မသက်မှုများ ဖြစ်ပွားခဲ့ရပြီး စတိုးဆိုင်များကို လုယက်ခြင်းများ ရုန်းရင်းဆန် ခတ်မှုများ ပိုမို ဖြစ်ပွားလာကာ ပြင်သစ် သမ္မတ Emmanuel Macron က ကလေးသူငယ် များကို လမ်းမများပေါ်ထွက်ခွင့်မပြုကြရန် မိဘများကို မေတ္တာရပ်ခံထားရကြောင်း တရားဝင် သတင်းထုတ်ပြန်ထားရပြီး နိုင်ငံအတွင်းရှိ လူမှုကွန်ရက်မီဒီယာများကိုလည်း အစိုးရအား ဆန့်ကျင်နိုင်ရေး လှုံ့ဆော်မှုများ ပြုလုပ်နေ ပါတယ်လို့ အပြစ်တင် ပြောဆိုခဲ့ ပါတယ်။

အဆိုပါ အစိုးရဆန့်ကျင်ရေး အဓိကရုဏ်းများ သည် ပြင်သစ်နိုင်ငံအတွင်း ပိုမိုအားကောင်း လို့လာနေပြီး ပြီးခဲ့သည့် ဇူလိုင် ၃ရက်နေ့က ပြင်သစ်နိုင်ငံ မြောက်ဘက်အစွန်းပိုင်းရှိ Rouenမြို့ ၏ အစိုးရပိုင် ရဲစခန်းတစ်ခု အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ သူများက မီးရှို့ဖျက်ဆီး ခဲ့ကြကြောင်း သတင်းဌာနအချို့ ကဖော်ပြ ပြောဆိုထား ပါတယ်။