စစ်ကိုင်းမြို့၊ တလိုင်းကျေးရွာတွင် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်သူများကို သတင်းအရ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ရှင်းလင်း၊လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိ

ဇူလိုင် ၄

     ယမန့်နေ့ နံနက် ၄ နာရီခွဲအချိန်ခန့်တွင် စစ်ကိုင်းမြို့၊ တလိုင်းကျေးရွာတွင် အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့ ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေသည့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်သူများ ခိုအောင်းနေကြောင်း တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်ရှာဖွေရှင်းလင်းခဲ့ကြောင်း သိရပါသည်။

     ထိုသို့ လုံခြုံရေးအဖွဲ့များ သွားရောက်ရှင်းလင်းစဥ် ၎င်းကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်းမှ လူသတ်အ​ကြမ်းဖက်သောင်းကျန်းသူ PDFများက အကာအကွယ်ယူ၍ လုံခြုံရေးအဖွဲဝင်များအား စတင်ချောင်းမြောင်းပစ်ခတ်ခဲ့ရာ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။

        လုံခြုံရေးအဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုကို မခုခံနိုင်သဖြင့် လူသတ်အ​ကြမ်းဖက်သောင်းကျန်းသူ PDF အချို့ထွက်ပြေးသွားကြပြီး အ​ကြမ်းဖက် PDF  ၅ ဦးကို အမ်-၂၂ သေ နတ် ၂ လက်၊ လက်လုပ်သေနတ် ၄ လက်၊အမ်-၂၂ ကျည် ၃၈၀ တောင့်၊ ၅.၅၆ ကျည် ၃၀ တောင့်၊ လက်ပစ်ဗုံး ၈ လုံး၊ ကျည်အိမ် ၉ ခု၊ပြောက်ကျားယူနီဖောင်း ၂၁ စုံ၊ မီးခိုးယူနီဖောင်း ၉ စုံ၊ ကား ၁ စီး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၄ လုံး၊ KIA ကျောပိုးအိတ် ၃ လုံး၊ လျှာထိုးဦးထုပ် ၈ လုံး တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

        ဆက်လက်၍ လုံခြုံရေးအဖွဲ့ဝင်များက ၎င်းဘုန်းကြီးကျောင်းအတွင်းသို့ အသေးစိတ်ရှာဖွေရှင်းလင်းခဲ့ရာ ဆွမ်းစားဆောင်အတွင်းမှ အမ်-၂၂ ကျည် ၁၃၄ တောင့်၊ ကျည်အိမ် ၄ ခု၊ လက်ပစ်ဗုံး ၃ လုံး
တို့အား ထပ်မံ သိမ်းဆည်းရရှိခဲ့ကြောင်းနှင့်လုံခြုံ ရေးအဖွဲ့မှ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သတင်းရရှိပါသည်။

#PAN