စစ်ကိုင်းဒေသကြီးအတွင်း လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက အပြစ်မဲ့ပြည်သူများသာမက ရဟန်းသံဃာများကိုပါ ဖမ်းဆီးခေါ်ဆောင််

ဇူလိုင် ၃

    ရွှေဘိုမြို့၊အမှတ်(၆)ရပ်ကွက်၊သိရီမင်္ဂ လာရပ်ကွက်၊ သုဇာတရာမဘုန်းကြီးကျောင်းမှ
ကျောင်းထိုင်ဘုန်းကြီး ဦသုဇာတ (ဦးဇင်းညို
တုပ်)၊ သက်တော် ၆၀ နှစ်နှင့် ကျောင်းတွင်လာရောက်သီတင်းသုံးနေသော သံဃာတစ်ပါးတို့ကို ယမန်နေ့ ညပိုင်းက လူသတ်အ​​ကြမ်းဖက်သောင်း ကျန်းသူ PDF များက ဖမ်းဆီးသွားကြောင်း၊ ယခုအချိန်ထိ မည်သည့်သတင်းမှမရရှိတော့ကြောင်း သိရှိရပါသည်။

        အလားတူ ကန့်ဘလူမြို့နယ်၊ လိတ္ထူကျေး ရွာအုပ်စု၊ လိတ္ထူကျေးရွာနေ ကိုနေမျိုးထွန်း၊ ၃၀ နှစ်၊ (ဘ) ဦးသောင်းမြင့်၊ ဦးတင်ဝင်း၊ ၄၈နှစ်၊ (ဘ) ဦးထွန်းမောင်၊ ကိုအောင်ကို၊၃၀ နှစ်၊(ဘ)ဦးထွန်းလွင်နှင့် မဖား၊ ၂၈ နှစ်၊(ဘ) ဦးကျော်ဆွေဝင်း တို့ကို ဇူလိုင်လ ၁ ရက်နေ့ကနွားကျောင်း သွားစဉ် လူသတ်အကြမ်းဖက်သောင်းကျန်းသူ
PDF များက လှည်းနှစ်စီး၊ နွားကိုးကောင်နှင့်အတူဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယနေ့အချိန်ထိအဆက်အသွယ်မရတော့ကြောင်း သတင်းရရှိပါသည်။

     တိုင်းဖျက်ပြည်ဆူ ပါတီ NLD ၏ လက်ဝေခံ NUG ပြည်ပြေးအဖွဲ့ မွေးဖွားပေးခဲ့သော PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စစ်အာဏာ ရှင်တော်လှန်ရေး အမည်ခံထားသော်လည်း ‘ငါနဲ့မတူ ငါ့ရန်သူ”ဟူသော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘောထားမတူသော လက်နက်မဲ့ ​ပြည်သူများကိုသာမက ရဟန်းသံဃာများကိုပါ ဒလန်ဟူသော စွပ်စွဲချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ငွေကြေးနှင့်ပစ္စည်းဥစ္စာများကို လုယူခြင်း စသည်ကိုပြုလုပ်နေကြသဖြင့် ပြည်သူလူထုက ၎င်းတို့ကို လိုလားနှစ်မြို့မှုမရှိတော့ကြောင်း သိရှိရပါသည်။

#PAN