ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်း နှင့် အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့တို့ထိတွေ့တိုက်ပွဲဖြစ်ပွား၊အကြမ်းဖက်သောင်းကျန်း သူ ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းမိ

ဇူလိုင် ၃

    ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ ရေတွင်းကုန်းကြီးရွာအနီးတွင် တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့တို့ မိနစ် ၃၀ ခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

      အဆိုပါ တိုက်ပွဲတွင် တပ်မတော်ဘက် ထိခိုက်
ဒဏ်ရာရသေဆုံးမှုမရှိကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့ထံမှ အကြမ်းဖက်သောင်းကျန်းသူ ၂ ဦးကို M-16 သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၇၀ တောင့်၊ ကျည်ကာ ၁ ထည်၊ ယူနီဖောင်း ၂ စုံ တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN