“အိန္ဒိယနိုင်ငံ အတွင်း EVကား ထုတ်လုပ် ရောင်းချမှုများသည် အခြားနိုင်ငံများထက် စျေးကွက် အားသာမှုများ ရရှိနေ”

ဇူလိုင် ၂

အိန္ဒိယနိုင်ငံအတွင်းရှိ EVကား ထုတ်လုပ်ရောင်းချမှုများတွင် အခြားနိုင်ငံများ ထက်စျေးကွက် အားသာချက် များရှိနေတာ လည်းဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ၏ လျှပ်စစ်ကားစျေးကွက်က ပြီးခဲ့သည့် နှစ်များအတွင်း တဟုန်တိုးထိုး တက်လာနေတာလည်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအတွင်းရှိ မီဒီယာများ၏ ဖော်ပြချက်အရ အိန္ဒိယနိုင်ငံထုတ် EV ကားများရောင်းချမှုသည် ပြီးခဲ့သည့် နှစ်များအတွင်း ၁သန်းကျော်ထိရှိလာခဲ့ပြီး လာမည့် ၂၀၃၀ ခုနှစ်တွင် EVကား အစီးရေပေါင်း ၁၇သန်းထိ ထုတ်လုပ်ရောင်း ချနိုင်ရန်မျှော်လင့်ထားကြောင်းဖော်ပြထားကြပါတယ်။