လသာမြို့နယ်ရှိ Hotel တစ်ခုတွင် ငှားရမ်းနေထိုင်သောတရုတ်နိုင်ငံ သားတစ်ဦး အခန်းအတွင်း သေဆုံးမှုဖြစ်ပွား

ဇူလိုင် ၂

        ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စဥ့်အိုးတန်းလမ်း၊ အပေါ်ဘလောက်၊ အမှတ်၁၀၃/၁၁၅၊Daw Htay Hotel၊ အခန်းအမှတ် ၅၀၇တွင် လူတစ်ဦး သေဆုံးနေကြောင်းသတင်းအရ နယ်မြေခံရဲစခန်းမှ တာဝန်ရှိသူများ၊အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူး တို့ပါဝင်သော အဖွဲ့က အခင်း ဖြစ်ရပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ သေ ဆုံးသူမှာ တရုတ်နိုင်ငံသား HAO JUN ၊ ၃၆ နှစ်၊
(ဘ) Mr:Jiang Wenguo ၊ Passport No. EC0891769,VISANo.IA319490၊ တရုတ်နိုင်ငံ၊ကူမင်းမြို့နေသူဖြစ်ကြောင်း သိရပါသည်။

     အဆိုပါ သေဆုံးသူ တရုတ်နိုင်ငံသားသည် ၄င်း၏အခန်းအတွင်းရှိ ကုတင်ဘေးတွင် ပက် လက်အနေအထားဖြင့် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ သေဆုံးနေကြောင်း၊ ဖခင်ဖြစ်သူ Mr: Jiang Wenguo ၏ ပြောပြချက်အရ ၄င်းသည် နှလုံးရောဂါ၊ သွေးတိုးရောဂါနှင့်အတက်ရောဂါများရှိပြီး ဆေးများ ပုံမှန်သောက်သုံးနေရသူဖြစ်ကြောင်း သိရှိရပါသည်။

        သေဆုံးသူသည် ယမန်နှစ် ဇွန်လ ၂၃ ရက်နေ့က Social ဗီဇာဖြင့် အလည်အပတ်လာရောက်ခဲ့ပြီး အဆိုပါ Hotel တွင် ငှားရမ်းနေထိုင်နေခြင်းဖြစ်ကြောင်း၊ အလောင်းအား ရဲဆေးစာနှင့် အတူ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ပြီး ဓမ္မ တာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN