“ဆော်ဒီရှိ အမေရိကန်ကောင်စစ်ဝန်ရုံး ၏ ရှေ့တွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူ ၂ဦးသေဆုံးခဲ့ရ”

ဇွန် ၂၉

ဆော်ဒီအာရေဗျ နိုင်ငံ ဂျဒ်ဒါမြို့ရှိ အမေရိကန်နိုင်ငံ၏ ကောင်စစ်ဝန်ရုံးရှေ့တွင် ပြီးခဲ့သည့် ဇွန်လ ၂၈ရက်နေ့က ပစ်ခတ် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး လူ၂ဦး သေဆုံးခဲ့ရကြောင်း ဆော်ဒီနိုင်ငံ၏ တာဝန်ရှိသူ များက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဆော်ဒီနိုင်ငံ၏ ကမ်းရိုးတန်းမြို့ဖြစ်သည့် Jeddah မြို့ ရှိ အမေရိကန် နိုင်ငံ၏ကောင်စစ်ဝန်ရုံးရှေ့တွင် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး လုံခြုံရေးအစောင့်၁ဦး နှင့် သေနတ်သမား၁ဦး သေဆုံးခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြား ခဲ့ကြပါတယ်။

အမေရိကန် ကောင်စစ်ဝန်ရုံးအပြင်ဘက်မှာ ပစ်ခတ်မှုအတွင်း အမေရိကန်နိုင်ငံသားများ ထိခိုက်မှု မရှိခဲ့ဘူးလို့လည်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနက ​တရားဝင် ထုတ်ပြန်ကြေညာထားပါတယ်။

“မနေ့က ညနေ ၆ နာရီ ၄၅ မိနစ်မှာ (၁၅: ၄၅ ဂရင်းနစ်စံတော်ချိန်) မှာ အမည်မသိ အမျိုးသားတစ်ဦးက အမေရိကန် ကောင်စစ်ဝန်ရုံးရှေ့တွင် ကားရပ်ပြီး လက်နက်ကြီအမျိုးအစား ကိုကိုင်ဆောင်ပြီး ထွက်လာခဲ့ပါတယ်” လို့ ဆော်ဒီရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

“လုံခြုံရေးတပ်ဖွဲ့တွေက တုံ့ပြန်တဲ့အနေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တိုက်ခိုက်သူ သေဆုံးသွားခဲ့ပါတယ်”လို့ ၎င်းက ထပ်လောင်း ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *