အကြမ်းဖက်သောင်းကျန်းသူ KKO(ခွဲထွက်)နှင့် PDF အဖွဲ့ များက ပစ်ခတ်လိုက်သော ၆၀ မမဗုံးသီး ကော့ကရိတ်မြို့လူနေရပကွက်အတွင်းကျရောက်ပေါက်ကွဲသဖြင့် အပြစ်မဲ့ပြည်သူ တစ်ဦးသေ၊ ၃ ဦးဒဏ်ရာရ

ဇွန် ၂၈

      ယနေ့ ညနေ ၅နာရီမိနစ်အချိန်ခန့်တွင် ကရင်ပြည်နယ်၊ကော့ကရိတ်မြို့အခြေစိုက်၊ ခလရ(၉၇)တပ်ရင်းဌာနချုပ်သို့ လူသတ်အကြမ်းဖက်သောင်းကျန်းသူ KKO(ခွဲထွက်)နှင့် PDF အဖွဲ့ များက မြို့၏အရှေ့ဘက် ဒေသအခေါ် ဆင်ကုန်းသင်္ချိုင်းဘက်မှ ၆၀ မမဖြင့် ၃ လုံး နှောက်ယှက် ပစ်ခတ်ခဲ့ရာ ကော့ကရိတ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘိုကုန်းရပ်၊ ဗိုလ်ချုပ်လမ်နေရာများသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သတင်း ထုတ်ပြန်ပြီးဖြစ်ပါသည်။

    ထိုသို့ ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ၎င်းနေရာအနီးတဝိုက်တွင် နေထိုင်/ဖြတ်သန်းသွား လာနေသည့် ဦးစိုးမြင့်၊၅၂နှစ်၊ (ဘ)ဦးအုန်းတင်၊ ဗမာ/ဗုဒ္ဓ၊ ဗိုလ်ချုပ်လမ်း၊ အမှတ်(၃) ရပ်ကွက်၊ ကော့ကရိတ်မြို့​နေသူတွင် ယာလက်မောင်းရင်းကြေမွဒဏ်ရာ၊ ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာ (သေ ဆုံး)၊ ဒေါ်ကြူကြူဝင်း၊၄၂ နှစ်၊ (ဘ)ဦးမောင်မြင့်၊ မွတ်စလင်/အစ္စလာမ် ဘုရင့်နောင်လမ်း၊ အမှတ်(၃)ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူတွင် ဝမ်းဗိုက်ယာဘက်ခြမ်း ဆီးခုံအနီး ဗုံးစဝင်ဒဏ် ရာ(စိုးရိမ်ရ)၊ ဒေါ်ခင်အေးသူ၊၄၄ နှစ်၊ (ဘ)ဦးဘလှ၊ ဗမာ/ဗုဒ္ဓ၊ ဗိုလ်ချုပ်လမ်း၊ အမှတ်(၃)ရပ် ကွက်၊ ကော့ကရိတ်မြို့နေသူတွင် ယာပေါင်၊ ယာခြေသလုံး ဗုံးစမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ မောင်နေဝင်း၊၁၇ နှစ်၊ (ဘ)ဦးစန်းဦး၊ ဗမာ/ဗုဒ္ဓ၊ မြို့တော်ဦးရပ်၊ အမှတ်(၂)ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူ တွင်  ယာလက်ပြင်၊ ယာတင်ပါး၊ ယာခြေသလုံး ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ကျား(၁)ဦးသေဆုံး၊ ကျား(၁) ၊ မ(၂)ဦးဒဏ်ရာအသီးသီးရရှိခဲ့ကြကြောင်း၊ဒဏ်ရာရရှိသူများကို ညနေ ၅ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကြောင်းသတင်းရရှိပါ သည်။

     ထို့အပြင် ဗုံးသီးကျရောက်ပေါက်ကွဲသည့် နေရာအနီး ရပ်တန့်ထားသည့် ကော့ကရိတ်မြို့၊ အမှတ် (၃)ရပ်ကွက်၊ ကမ်းနားတန်းလမ်းနေ ဦးအောင်အောင် ပိုင်ဆိုင်သည့် ယာဉ်အမှတ်(စိစစ်ဆဲ)၊ Wave-110 NCX ဆိုင်ကယ်(ငှက်ခါးရောင်) ၁ စီး မီးလောင်ပျက်ဆီးခဲပြီး အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနေ ဦးစိုးမြင့်(သေဆုံးသူ)ပိုင်ဆိုင်သည့် ယာဉ်အမှတ်၊ YGN-22 4I/9914 Toyotar Wish(အဖြူရောင်)မော်တော်ယာဉ် ၁ စီး လေကာမှန်ပျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

#PAN