“ရုရှားနိုင်ငံမှရေနံတင်ပို့မှု ဒုတိယအသုတ်ကို ပါကစ္စတန် လက်ခံရရှိခဲ့”

ဇွန် ၂၈

ပါကစ္စတန်နိုင်ငံ ပြည်တွင်းမီဒီယာတစ်ခု၏ ပြောကြားချက်ကို ကိုးကားပြီး ရုရှားရေနံစိမ်း တန်ချိန်ပေါင်း ၅၅,၀၀၀ ရှိ ဒုတိယအကြိမ် မြောက် ရေနံ ကုန်တင်သင်္ဘောကြီးသည် ပါကစ္စတန်နိုင်ငံ Karachi ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြောင်း သတင်းဌာနများ ကဖော်ပြထားကြပါတယ်။

အစ္စလာမာဘတ်မြို့ (ပါကစ္စတန်) နှင့် မော်စကိုမြို့(ရုရှား) တို့အကြား သဘောတူညီ ချက်သစ်များအရ စီစဉ်ပေးထားသည့် လျှော့စျေးရှိသော ရုရှားရေနံစိမ်းများ၏ ဒုတိယအကြိမ်မြောက် ကုန်တင်သင်္ဘောကြီး သည် ဇွန်လ ၂၇ရက် အင်္ဂါနေ့တွင် ပါကစ္စတန် နိုင်ငံ၏ ဆိပ်ကမ်းမြို့ ကရာချိသို့ ရောက်ရှိ လာခဲ့ကြောင်း Karachi Port Trust (KPT)ဌာန မှ ပြောကြားခဲ့ တာဖြစ် ပါတယ်။

ပြီးခဲ့သည့် ဇွန် ၁၁ ရက်နေ့ အစောပိုင်းတွင် ပထမဆုံးရောက်ရှိလာသည့် ရုရှားရေနံ ကုန်တင်သင်္ဘောသည် ရေနံစိမ်းပေါင်း ၄၅,၁၂၂ မက်ထရစ်တန်ဖြင့် ရောက်ရှိလာခဲ့တာဖြစ်ပြီး နိုင်ငံခြား ငွေပေးချေမှုအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် ပါကစ္စတန်အား သက်သာရာရစေကာ ယူကရိန်း-ရုရှား ပဋိပက္ခများ ကြောင့် အနောက်နိုင်ငံ သို့ တင်ပို့နေသည့် ရေနံများ ကို လမ်းကြောင်း ပြောင်းတင်ပို့ထားသောကြောင့် ပါကစ္စတန်နိုင်ငံ ၏ရေနံ ဝယ်ယူမှုများသည် ရုရှားအတွက် ထွက်ပေါက်အသစ်တစ်ခုလည်း ပေးစွမ်းနိုင်ပြီး မော်စကို(ရုရှား) ၏ ရေနံတင်ပို့ ရောင်းချမှု များသည် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချမှုနှုန်း ပိုမို တိုးလာ စေမှာ လည်း ဖြစ်တယ် လို့ သတင်းဌာန များက ဖော်ပြ ပြောဆိုထားကြပါတယ်။