ဇွန် ၂၈
ယနေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၁ ရပ်ကွက်၊ ဦးဆန္ဒလမ်းကြားတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ နယ်မြေလုံခြုံရေးအဖွဲ့များက အခင်းဖြစ်ပွားရာနေရာသို့ သွား ရောက်စစ်ဆေးစဥ် အဆိုပါပေါက်ကွဲမှု ဖြစ်ပွားရာနေရာအနီးတွင် ယာဥ်နံပါတ်မပါ Hijet အမျိုးအစား အဖြူရောင်ယာဥ်အား ရပ်တန့်ထားသည်ကိုတွေ့ရှိရပြီး ယာဥ်ပေါ်တွင် ရှော့တိုက်ဒုံးဆင်ထားကြောင်းတွေ့ရှိရသဖြင့် ရှင်းလင်းရေးပြုလုပ်ရန် စောင့်ဆိုင်းနေစဥ် ၁ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် ထပ်မံပေါက်ကွဲခဲ့ပြီး ယာဥ်ပျက်ဆီးသွားကြောင်း သိရှိရပါသည်။
ထိုသို့ ဗုံးပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး မစိုးရိမ်ရ ဒဏ်ရာနှင့် အရပ်သားပြည်သူ တင့်ဖုန်းဇော်၊ ၁၈ နှစ်၊ (ဘ)စိစစ်ဆဲ၊ဘားအံမြို့၊ အမှတ် (၁)ရပ် ကွက်၊ဦးစန္ဒလမ်း၊အမှတ်(၁/ ၂၉၅)နေသူတွင် မှန်ကွဲစထိမှန်ကာ ညာနဖူး ၁ လက်မခန့် ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်နေရာကို နယ်မြေခံလုံခြုံရေးအဖွဲ့မှ အသေးစိတ် ရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ အရှည် ၃ ပေ၊ အချင်း ၆ လက်မခန့်ရှိ ကွန်ကြူးပိုက်အတွင်းထည့်ထားသော ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးအားထပ်မံတွေ့ရှိခဲ့ရသဖြင့် ညနေ ၃ နာရီ ၅၀ မိနစ်ခန့်အချိန်တွင် သက်မဲ့ပြုလုပ်နိုင်ခဲ့ပြီး အနီးဝန်းကျင်အား နယ်မြေရှင်းလင်းရေးနှင့် တရားခံများအားဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
အဆိုပါ ပေါက်ကွဲမှုများသည် အကြမ်းဖက် PDF များက အဝေးထိန်းဖောက် ခွဲခြင်းဖြစ်နိုင်ကြောင်း၊ ပထမ တစ်လုံးဖောက်ခွဲခြင်းသည် လာရောက်ရှင်းလင်းမည့် လုံခြုံရေးအဖွဲ့ကို မျှားခေါ်ခြင်းဖြစ်ပြီး လုံခြုံရေးအဖွဲ့ရောက်လာပါက ဗုံးတပ်ဆင်ပြီး ရပ်ထားသော မသင်္ကာဖွယ် မော်တော်ယာဥ်ကို စစ်ဆေးစဥ် ၎င်းမော်တော်ယာဥ်ကို အဝေးထိန်ခလုပ်ဖြင့် ဖောက်ခွဲခဲ့ခြင်း ဖြစ်နိုင်ကြောင်း အဆိုပါရပ်ကွက်နေပြည်သူတစ်ဦးထံမှ သိရှိရပါသည်။
#PAN