“ဖိလစ်ပိုင် – အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲ ကော်မရှင်အစည်းအဝေးပွဲအတွက် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးပါဝင်သော ကိုယ်စား လှယ်တော်အဖွဲ့ဝင်များ အိန္ဒိယနိုင်ငံ သို့ ရောက်ရှိနေ”

ဇွန် ၂၈

ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Manalo ကအိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ပြီးခဲ့သည့် ဇွန်လ ၂၇ရက်နေ့က ရောက်ရှိလာခဲ့တာဖြစ်ပြီး လာမည့် ဇွန်လ ၂၉ရက်နေ့တွင် ၅ ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်မည့် အိန္ဒိယ-ဖိလစ်ပိုင် ပူးပေါင်းဆောင်ရွက်ရေး India-Philippines joint commission on bilateral cooperation (JCBC) ပူးတွဲကော်မရှင် အစည်းအဝေးပွဲတွင် ပူးတွဲဥက္ကဋ္ဌအဖြစ်တာဝန်ယူ ဆောင်ရွက် နိုင်ရန်အတွက် အိန္ဒိယနိုင်ငံသို့ ရောက်ရှိ လာခဲ့တာဖြစ်ပါတယ်။

ဖိလစ်ပိုင်-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကော်မရှင်၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေး များအတွက် ဖိလစ်ပိုင်နိုင်ငံ ခြားရေးဝန်ကြီး Manalo က အိန္ဒိယနိုင်ငံသို့ ၄ရက်ကြာ အလည်အပတ် ခရီးစဥ်အဖြစ် ရောက် ရှိနေပြီလည်းဖြစ်ပါတယ်။

အဆိုပါ ခရီးစဉ်အတွင်း အိန္ဒိယ-ဖိလစ်ပိုင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ပူးတွဲကော်မရှင်အစည်းအဝေးပွဲကြီးကို အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဒေါက်တာ Jaishankar နှင့်အတူ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင် ၂ဦးကြား ဆွေးနွေးမှုတွင် အဓိကအားဖြင့် ဖိလစ်ပိုင် – အိန္ဒိယ နှစ်နိုင်ငံ ကာကွယ်ရေး၊ လုံခြုံရေး၊ ဆိုင်ရာများ နှစ်နိုင်ငံ ရေကြောင်းလုံခြုံရေး၊ ကုန်သွယ်ရေးနှင့် နှစ်နိုင်ငံ အပြန်အလှန် အကျိုးစီးပွားဆိုင်ရာများ နှင့်အတူ နှစ်နိုင်ငံ အတွက် အရေးကြီးသော အကြောင်းအရာ များကို အဓိကထားပြီး ဆွေးနွေးမှုများ ပြုလုပ်သွား ကြမှာလည်း ဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြော ဆိုထားကြပါတယ်။