ကန့်ဘလူမြို့နယ်တွင် လူ ၃ ဦးပါ ဓားပြအဖွဲ့က အိမ် နှစ်အိမ်ကို ဆက်တိုက် ဓားပြတိုက်ထွက်ပြေး

ဇွန် ၂၈

           ဇွန်လ ၂၅ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊အမှတ်၃ရပ်ကွက်၊ မြို့အဝင်အေးမြစိုးဖောင်ဒေးရှင်းဧည့်ရိပ်သာ၏ တောင်ဘက်ကပ်လျှက်ရှိသောဦးတင်ထွန်း၊ဒေါ်သိန်းမြိုင်နေအိမ်သို့ အမည်မသိ မျက်နှာဖုံးစွပ်လူ ၃ ဦးမှ သေနတ် တစ်လက်၊ ဓါးအချွန်နှစ်ချောင်း ကိုင်ဆောင်ပြီး ဓားပြတိုက်ခဲ့ကြောင်း သိရှိရပါသည်။

       ဖြစ်စဥ်မှာ အဆိုပါ ဓားပြ ၃ ဦးက နေအိမ်တံခါးအတင်းဖွင့်ခိုင်းသည့်အတွက် ဇနီးဖြစ်သူမှတံခါးဖွင့်ပေးပြီးအိမ်အတွင်းဝင်ရောက်ကာ ခင်ပွန်းဖြစ်သူ၏ လည်ပင်းကို ဓားဖြင့်ထောက်၍ သေတ္တာဖွင့်ခိုင်းကြောင်း၊ သေတ္တာအတွင်းရှိ ကြွတ်ကြွတ်အိတ်အနက်ဖြင့် ထည့်ထားသောငွေ ကျပ် ၁၇ သိန်း၊ဘဖုန်းတစ်လုံး၊ မိန်းမဖြစ်သူဝတ်ဆင်ထားသောရွှေဆွဲကြိုး တစ်ကုံး၊ နားကပ်တစ်ရံ၊လက်စွပ်တစ်ကွင်းတို့ကို ဖြုတ်ယူသွားကာ ခြိမ်း ခြောက်ပြီးထွက်ခွာသွားခဲ့ကြောင်း သိရပါသည်။

       ထို့ပြင် အဆိုပါ ဓားမြအဖွဲ့သည် ဦးတင်ထွန်းနေအိမ်၏ ၂ဖာလုံခန့်အကွာရှိ ဦးကျော်လင်း၊ဒေါ်သင်းသင်းခိုင်တို့နေအိမ်သို့ ဝင်ရောက်ကာ ငွေ
ကျပ် ခြောက်သောင်း၊ ဖုန်းတစ်လုံး၊ နားကပ်တစ်ရံတို့အားဖြုတ်ခိုင်းကာယူဆောင်သွားခဲ့ပြီး သမီးဖြစ်သူ မခင်မြတ်နိုး ၉ တန်းကျောင်းသူအားခေါ်ဆောင်သွားရာဖခင်ဖြစ်သူမှ မခေါ်ဆောင်သွားရန်ပြောသောအခါ ဓားမြခေါင်းဆောင်ဖြစ်သူမှပါးစပ်ပိတ်ထားဟု ပြောပြီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ၎င်းတို့ နေအိမ်နှင့် လမ်းခုလတ်ကြားရှိအေးမြစိုးဖောင်ဒေးရှင်းဧည့်ရိပ်သာတောင်ဘက်လမ်ကြားတွင် မိန်းကလေးကို အတင်းအဓမ္မပြုကျင့်ရန်ပြုလုပ်နေစဥ် ဖခင်ဖြစ်သူနောက်မှလိုက် ပါလာပြီးအော်ဟစ်အကူညီတောင်းသံကြောင့် ဓားမြအဖွဲ့သည်အားကစားရုံအနောက်ဘက်လမ်းမှ ကန့်ဘလူ-စပါယ်နံသာလမ်း၊ တကရ ၆၀၀၆ တပ်မျက်နှာစာလမ်းအတိုင်း မြို့အရှေ့ဘက်သို့ထွက် ပြေးသွားကြောင်း သိရှိိရပါသည်။

     ဖြစ်စဥ်နှင့်ပတ်သက်၍ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများကိုအကြောင်းမကြားဘဲ ပတ်ဝန်းကျင်ရှိပြည်သူများပြောမှကြားသိရသည့်အတွက်ကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့နယ်ထိန်းခေါင်းဆောင်တို့သည် ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင်အခင်း ဖြစ်ပွားရာနေအိမ်သို့သွားရောက်ပြီး အမှုဖြစ်စဥ်ဖြစ်ပွားရာ အကြောင်းအရာကို မေးမြန်းပြီးအမူဖွင့်လှစ်တိုင်ကြားနိုင်ရေးနှင့် အမူမှန်ပေါ်ပေါက်ရေးအတွက်ကူညီဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။

#PAN