ရန်ကုန်နိုင်ခြားဘာသာ တက္ကသိုလ်ကျောင်းမှ ဒုတိယနှစ်ကျောင်းသား တစ်ဦး (၅)ထပ်ဆောင် ခေါင်းမိုးပေါ်မှ ခုန်ချသေဆုံးခဲ့

ဇွန် ၂၈

           ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ကမာရွတ်မြို့နယ်၊ (၁၀)ရပ်ကွက်၊တက္ကသိုလ်ရိပ်သာလမ်းရှိ ရန်ကုန်နိုင်ခြားဘာသာ တက္ကသိုလ်ကျောင်းတွင် ဒုတိယနှစ်၊ဂျာမန်ဘာ သာ တက်ရောက်နေသူ ဘုန်းပြည့်ကျော်၊၁၉နှစ်၊(ဘ) ဦးဇော်ဇော်နိင် သည် ကျောင်းဝန်းအတွင်း International Students Hall (၅)ထပ်ဆောင် ခေါင်းမိုးပေါ်မှ ခုန်ချခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ ကျောင်းသား ဘုန်းပြည့်ကျော် သည်ဦးခေါင်းဖူးရောင်ပေါက်ပြဲ၊ နှာခေါင်းသွေးထွက်၊ ဝဲခြေထောက်ကျိုးဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း၊ သေဆုံးသူ၏အလောင်းအား ရန်ကုန် တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ် (၉)ရပ်ကွက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ခုန်ချခဲ့သည့်အကြောင်းအရင်ကို မသိရှိရသေးကြောင်း သတင်းရရှိပါသည်။

#PAN